"အာညာစယော.."
ကျောင်းစာကြည့်တိုက်ထဲက အကူကောင်မလေးကို တစ်ချက်နှုတ်ဆက်ရင်း ဆော့မင်အထဲသို့ ဝင်ခဲ့လေသည်။ ဆော့မင်ရည်ရွယ်ချက်က စာမေးပွဲအတွက်လိုတဲ့ စာအုပ်တစ်အုပ် မြန်မြန်ငှားပြီး မြန်မြန် အပြင်ပြန်ထွက်ရေးပင်။ ပြီးလျှင် မင်ဂယူနှင့်ချိန်းထားတဲ့ ဘတ်စကတ်ဘောကွင်းသို့သွားရမည်။
စာအုပ်တွေတင်ထားတဲ့ ဗီရိုတစ်ခုပြီးတစ်ခုကျော်လွန်လာခဲ့ရင်း စင်တစ်ခုကို အရောက်မှာတော့ ဆော့မင်မျက်နှာကဖြဲသွားလေသည်။
"တော်သေး။ ဒီစာအုပ်ကျန်သေးလို့။"
လိုချင်တဲ့စာအုပ်လည်း ရရော လာရာလမ်းအတိုင်းပြန်လှည့်ဖို့ လုပ်လိုက်သည်။ သို့သော် ကံအကြောင်းမလှလိုက်ပုံများ ခလုတ်တိုက်ပြီးဟပ်ထိုးလဲကျမလို ဖြစ်သွားရာကနေ ကြည့်လိုက်မိတော့ ဆော့မင်သည် လဲသေချင်စိတ်ပေါက်သွားလေသည်။
"အား..စီနီယာဟုန်း.."
ဗီရိုထောင့်ချောင်ကလေးမှာ ကပ်အိပ်နေတဲ့ ဟုန်းဂျီဆူးကတော့ သူ့ခြေထောက်ကို ဆော့မင် ဝင်တိုက်သွားမှန်းတောင် သိတဲ့ပုံမပေါ်။ အိမ်မှုံစုံမွှားမျက်လုံးလေးများဖြင့် ဟိုကြည့်ဒီကြည့်,ကြည့်နေတဲ့အချိန်မှာ ဆော့မင်တစ်ယောက် ဒူးထောက်ပြီး ကြမ်းပြင်ကိုခေါင်းတိုက်တော့မတတ် တောင်းပန်နေပြီဖြစ်သည်။
"တောင်းပန်ပါတယ်။ တောင်းပန်ပါတယ်။ ကျွန်တော်တကယ်မသိလို့ပါ။"
စီနီယာဟုန်းသည် ဆော့မင်တောင်းပန်နေတာကို သိပ်အရေးစိုက်ပုံမပေါ်။ အကြောတွေဘာတွေ ဆန့်လိုက်ပြီး ခေါင်းကိုဟိုလှည့်ဒီလှည့်ဖြင့် ဇက်တွေဘာတွေ နှစ်ချက်လောက်ချိုးချလိုက်သေးသည်။ ပြီးမှ ဆော့မင်ကို မော့ကြည့်လာသည်။ မျက်လုံးအစ်အစ်လေးတွေနှင့်အတူ သူ့မျက်နှာသေးသေးလေးကခပ်ဖူးဖူးလေးနှင့်။ ပန်းရောင်ဖျော့ဖျော့ဆံပင်လေးများက နဖူးထက်မှာဝဲလို့။ သို့သော် ဆော့မင်သည်ထိုအလှအပတို့ကို ခံစားနိုင်ဖို့နေနေသာသာ ကြောက်စိတ်ကသာ လွန်လွန်ကဲကဲ ကြီးစိုးနေသည်။
သွားပြီ..ငါတော့သေပြီ..
ရူးနေလို့ သူ့ခြေထောက်ကိုမှ ခလုတ်တိုက်မိရသလား..
YOU ARE READING
100_Days of being in love
Fanfiction"ခင်ဗျားကြိုက်တဲ့ကော်ဖီကိုကျွန်တော်ကိုယ်တိုင်ဖျော်ပေးချင်သေးတယ်။ ခင်ဗျားကိုစက်ဘီးပေါ်မှာတင်ပြီး တမြို့လုံးကိုလျှောက်ပတ်သွားချင်သေးတယ်။ ခင်ဗျားပုခုံးကိုမှီပြီး ကြယ်တွေကိုငေးရင်း ရေတွက်ကြည့်ချင်သေးတယ်။ ဒါပေမဲ့ဝမ်းနည်းစရာပဲ။ အတူရှိခဲ့တဲ့ ရက်ပေါင်း၁၀၀ဟာ...