အဲ့လိုနဲ့မင်ဂယူရဲ့သူငယ်ချင်းဖြစ်သူ အီဆော့မင်သည် စီနီယာဟုန်းရဲ့ လက်ထဲကို လုံးလုံးကြီး ကျရောက်သွားလေသည်။ ကျောင်းအတွက်ကတော့ တကယ့်မင်္ဂလာသတင်းပါပဲ။ တစ်ကျောင်းလုံးရဲ့ ဒုက္ခအိုးကြီးတွေက မင်ဂယူနဲ့ အီဆော့မင်တို့ ပုခုံးပေါ်ရောက်သွားတာကို။ အခုမနက်ပဲကြည့်။ ကျောင်းပိတ်ရက်ကြီးမှာတောင် မင်ဂယူနှင့်ဆော့မင်ခမျာ အိပ်ရေးဝ၀ မအိပ်ခဲ့ရပါ။
"ဆော့မင်။ မင်းလက်မှတ်ရပြီလား။ ဟမ်။"
"မရသေးဘူး။ ငါ့ရှေ့မှာလူတန်းအရှည်ကြီးကျန်သေးတယ်။"
ဆော့မင်စကားကြောင့် မင်ဂယူသည် စိတ်ညစ်သွားရသည်။ မတော်မဖြစ်တော်ထားရတဲ့ ရည်းစားလေးက ဒီနေ့မှရုံတင်တဲ့ ရုပ်ရှင်ကို ပထမဆုံးကြည့်ချင်တယ်လို့ မင်ဂယူနဲ့ ဆော့မင်ခမျာ မနက်ရုံမဖွင့်ခင်ကတည်းက ရုပ်ရှင်လက်မှတ်လာထိုင်စောင့်ဝယ်နေရတာ။ အဲ့တာကို ခုထိမရသေးဘူးတဲ့လား။
"အေး။အေး။ခဏ။ ငါလာခဲ့မယ်။ ဟုတ်။ဟုတ်။ ကျေးဇူးပါ။"
ဆော့မင်ကိုလည်းပြန်ပြောရင်း ဝန်ထမ်းအစ်ကိုလှမ်းကမ်းပေးတဲ့ ကော်ဖီဘူးတွေကိုလည်းလှမ်းယူလိုက်ကာ မင်ဂယူရုပ်ရှင်ရုံရှိရာအထပ်ကို ခပ်သွက်သွက်ပြေးရသည်။ ရောက်တော့ အီဆော့မင်ခမျာ တန်းစီနေတဲ့လူအုပ်ရဲ့နောက်ဆုံးတန်းမှာ မအူမလည်ရုပ်ကလေးနဲ့ မတ်တပ်ကလေး။
"မင်းဟာက ဟုတ်ရောဟုတ်ရဲ့လား။ ခုနက ငါတို့တန်းစီတာအလယ်လောက်ရောက်နေပြီကို ဘယ်လိုဖြစ်ပြီး နောက်ဆုံးတန်းပြန်ဖြစ်သွားရတာလဲ။"
"အလယ်တန်းကျောင်းသူလေးတွေက အိုပါး..သူတို့စောင့်ရတာအရမ်းညောင်းနေပြီဆိုတာနဲ့.. ငါလည်းအားနာ.."
အီဆော့မင်ဆက်ပြောနေတဲ့ဖြေရှင်းချက်တွေကဆက်နားမထောင်လည်း သိနေပြီ။ အဲ့လိုနဲ့ပဲ ကောင်မလေးအုပ်လိုက်အဖွဲ့ကိုရှေ့တင်ပေးလိုက်သည်ပေါ့။ စီနီယာဟုန်းတော့ ဘယ်လိုနေလဲမသိပေမဲ့ မင်ဂယူသာအဲ့လိုလုပ်လိုက်ရင် ယွန်းဂျောင်ဟန်မျက်စောင်းနဲ့တင် အရည်ပျော်ကျသွားလောက်ပြီ။
"ဘာလုပ်ရမလဲဟင်။ တကယ်လို့ လက်မှတ်မရရင် စီနီယာဟုန်းတို့ စိတ်မဆိုးလောက်ပါဘူးနော်။"
YOU ARE READING
100_Days of being in love
Fanfiction"ခင်ဗျားကြိုက်တဲ့ကော်ဖီကိုကျွန်တော်ကိုယ်တိုင်ဖျော်ပေးချင်သေးတယ်။ ခင်ဗျားကိုစက်ဘီးပေါ်မှာတင်ပြီး တမြို့လုံးကိုလျှောက်ပတ်သွားချင်သေးတယ်။ ခင်ဗျားပုခုံးကိုမှီပြီး ကြယ်တွေကိုငေးရင်း ရေတွက်ကြည့်ချင်သေးတယ်။ ဒါပေမဲ့ဝမ်းနည်းစရာပဲ။ အတူရှိခဲ့တဲ့ ရက်ပေါင်း၁၀၀ဟာ...