"ဘယ်မှာလဲ။ ယွန်းဂျောင်ဟန်။ ဘယ်မှာလဲ။"
ညတွင်းချင်းကြီး ဆေးရုံထိရောက်ချလာတဲ့ စီနီယာချွဲနဲ့ စီနီယာဟုန်း။ မင်ဂယူကတော့ ကုတင်နားမှာ ငုတ်တုတ်လေး။ လူနာကုတင်ပေါ်မှာ ပက်လက်လေးရှိနေတဲ့ ဂျောင်ဟန်ကတော့ ငိုမဲ့မဲ့မျက်နှာလေးနဲ့။
"ဟေ့ကောင်။ ဘာဖြစ်တာလဲ။ သူဘာဖြစ်တာတဲ့လဲ။ ပြောစမ်း။"
စီနီယာချွဲပုံက တကယ်စိတ်ပူနေတဲ့ဟန်။ စီနီယာယွန်းကိုကြည့်လိုက်တော့ ဖြေချင်နေပုံမရှိတာနဲ့မင်ဂယူကပင် ဝင်ဖြေပေးလိုက်သည်။
"မြီးညှောင့်ရိုးအက်သွားတာတဲ့။"
"ဟာ။"
စီနီယာချွဲဆီက ထွက်လာတဲ့ အာမေဋိတ်သံ။ စီနီယာဟုန်းသည် လန့်သွားပုံနှင့် ပါးစပ်ကိုလက်လေးနှင့်အုပ်လိုက်လေသည်။
"ကျွတ်..ကျွတ်..ကျွတ်..ဘယ်က ဘယ်လိုဖြစ်လို့ အဲ့လောက်ထိဖြစ်သွားတာတုန်း။"
အဲ့မေးခွန်းကိုတော့ လူသိရှင်ကြားဖြေလို့ သိပ်မသင့်တော်ဟု မင်ဂယူထင်သည်။ မင်ဂယူသူ့ကိုလာထူပေးတော့ ကြမ်းပြင်ပေါ်မှာ ဖင်ထိုင်လျက် ပက်လက် ငိုနေတာကို တွေ့လိုက်ရပြီး ပွေ့ချီလိုက်တော့ သူ့လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်က မင်ဂယူ့အတွင်းခံဘောင်းဘီကြီး။ မဟုတ်သေးပါဘူး။ လိုချင်တယ်ဆိုလည်းမင်ဂယူပေးမှာပါ။ ခုတော့ အတွင်းခံဘောင်းဘီရှာရင်းချော်လဲပြီး မြီးညှောင့်ရိုးအက်သွားတာ လူကြားလို့မှမကောင်း။
ယွန်းဂျောင်ဟန်ကတော့ ကုတင်ပေါ်ကနေ ပက်လက်လှန်နေရင်း မလှမ်းမကမ်းက ဟုန်းဂျီဆူးကိုသာ မျက်ထောင့်နီနှင့်လှမ်း,လှမ်းကြည့်နေမိသည်။ နှစ်ယောက်ကြားထဲ အနေအထားတွေက အနည်းငယ် တင်းမာနေတာကို ဆွန်းချောရိပ်မိသော်လည်း လတ်တလောတော့ ဆေးရုံတက်ရတဲ့ ဂျောင်ဟန်အတွက်ဘယ်လိုစီစဉ်မလဲက ပိုအရေးကြီးနေသည်။
"လတ်တလောဂျောင်ဟန့်မိဘတွေကလည်း နိုင်ငံခြားရောက်နေတာမလား။"
"လှမ်းတော့အကြောင်းကြားထားတယ်။ သူတို့အမြန်ဆုံးပြန်လာခဲ့မယ်တဲ့။"
YOU ARE READING
100_Days of being in love
Fanfiction"ခင်ဗျားကြိုက်တဲ့ကော်ဖီကိုကျွန်တော်ကိုယ်တိုင်ဖျော်ပေးချင်သေးတယ်။ ခင်ဗျားကိုစက်ဘီးပေါ်မှာတင်ပြီး တမြို့လုံးကိုလျှောက်ပတ်သွားချင်သေးတယ်။ ခင်ဗျားပုခုံးကိုမှီပြီး ကြယ်တွေကိုငေးရင်း ရေတွက်ကြည့်ချင်သေးတယ်။ ဒါပေမဲ့ဝမ်းနည်းစရာပဲ။ အတူရှိခဲ့တဲ့ ရက်ပေါင်း၁၀၀ဟာ...