ကျောင်းနားကပန်းခြံထဲတွင် နာရီတကြည့်ကြည့်နှင့် စိတ်မရှည်နိုင်သူ တစ်ဦးရှိနေလေသည်။ ယွန်းဂျောင်ဟန် သည် ခြေကိုဆောင့်လိုက်၊ ပန်းခြံအဝင်ဝကိုလှမ်းမျှော်လိုက်ဖြင့် သက်ပြင်းတချချရှိသည်။ ဒီနေ့ ကျောင်းမတက်ခင်လေး နှစ်ယောက်တည်းတူတူ ပန်းခြံထဲအချိန်ကြာကြာလေးရှိချင်လို့ ဆွန်းချောနဲ့ ဂျီဆူးကိုတောင် မလာနဲ့လို့ ပထုတ်ထားတာ။
"ဘာလို့ အဲ့လောက်နောက်ကျနေ.."
နောက်လှည့်ကြည့်လိုက်တဲ့အခါမှာ ဂျောင်ဟန့်မျက်ဝန်းတွေ ၀ိုင်းစက်သွားရလေသည်။ နောက်မှာ စက်ဘီးလေးဆွဲကာရပ်လျက်ရှိတဲ့ မင်ဂယူ့မျက်နှာကို မြင်လိုက်ရတော့ ဂျောင်ဟန်စွာဖို့ပြင်ထားတဲ့ စကားလုံးတွေပင် ဘယ်ရောက်သွားလဲမသိတော့။
"ရော့..ခင်ဗျားအတွက်.."
သူကမ်းပေးလာတဲ့ Vanilla Latte ကို အာရုံမရတော့ဘဲ ဂျောင်ဟန်ပုတ်ထုတ်ပစ်လိုက်သည်။ ပြီးတော့ မင်ဂယူ့ပါးပြင်နှစ်ဖက်ကိုလှမ်းကိုင်ကာ မျက်နှာကိုအနီးသို့ဆွဲကပ်ပစ်လိုက်လေသည်။
"ဒီဒဏ်ရာတွေဘယ်ကရလာတာလဲ။ ဟမ်။ ပြောစမ်း။ ဘယ်ကရလာတာလဲလို့။"
"အာ့..အာ့..နာ..နာ..နာတယ်လို့..ဖြည်းဖြည်း.."
နာနေပါတယ်ဆိုမှ မျက်နှာကိုလာဆွဲညှစ်မှတော့ မင်ဂယူခမျာ ဖင်ကုန်းအော်ရတဲ့အခြေအနေဖြစ်သွားရသည်။ မနေ့ညက သူ့ကိုပို့ပြီးပြန်အလာမှာပဲ ကျောင်းလူမိုက်တစ်အုပ်နှင့်တွေ့ပြီး ပိုက်ဆံတောင်းတာ မပေးနိုင်တဲ့နောက် မင်ဂယူခံလိုက်ရခြင်းဖြစ်သည်။ ပါးတစ်ဖက်က ယောင်ကိုင်းနေတဲ့အပြင် နှုတ်ခမ်းထောင့်ကကွဲသွားတဲ့ ဒဏ်ရာကပင် သေချာမခြောက်ချင်သေး။ အဲ့တာနဲ့တောင် အဲ့ကောင်လေးက ဂျောင်ဟန်အတွက် အဲ့မျက်နှာကြီးနဲ့ Vanilla Latte ကို ရအောင်ဝယ်လာခဲ့ပေးသေးတာ။
"ငါ့ရည်းစားကို လာထိရဲတာ ဒီကောင်တွေ..တကယ်အသက်မရှင်တော့ဘူးထင်တယ်.."
ဂျောင်ဟန်သည် အံကိုကြိတ်ကာ ရေရွတ်လိုက်ရင်း ချက်ချင်း ဖုန်းကိုကောက်ထုတ်လိုက်သည်။
"ဆွန်းချော..အရေးကြီးတယ်။ ခုချက်ချင်းလာခဲ့။ ဂျီဆူးကိုပါခေါ်လာ။"
YOU ARE READING
100_Days of being in love
Fanfiction"ခင်ဗျားကြိုက်တဲ့ကော်ဖီကိုကျွန်တော်ကိုယ်တိုင်ဖျော်ပေးချင်သေးတယ်။ ခင်ဗျားကိုစက်ဘီးပေါ်မှာတင်ပြီး တမြို့လုံးကိုလျှောက်ပတ်သွားချင်သေးတယ်။ ခင်ဗျားပုခုံးကိုမှီပြီး ကြယ်တွေကိုငေးရင်း ရေတွက်ကြည့်ချင်သေးတယ်။ ဒါပေမဲ့ဝမ်းနည်းစရာပဲ။ အတူရှိခဲ့တဲ့ ရက်ပေါင်း၁၀၀ဟာ...