Ep 14

1.1K 41 0
                                    

Ep 14 

နေ့လယ်စာ ထမင်းဝိုင်းတွင် နှစ်ဖက်မိဘစုံညီတွင် ထိုင်နေကြလေသည်။မင်းဆက်အမေနှင့်မင်းဆက်က တစ်တွဲထိုင်နေရင်း နွယ်နီနှင့် အမေဖြစ်သူက လည်း မင်းဆက်တို့သားအမိဘေးတွင်ထိုင်နေလေသည်။မင်းဆက်ရဲ့မျက်နှာချင်းဆိုင်တွင်တော့လင်္ကါတို့သားအဖက ထိုင်နေ၍နေ့လယ်စာထမင်းဝိုင်းက လူစုံတတ်စုံဖြင့်ပြည့်နှက်နေလေသည်။လင်္ကာရဲ့အမေက မင်းဆက်ပန်းကန်ထဲသို့ဟင်းထည့်ပေးလိုက်ရင်း....

"သားမင်းဆက် ထည့်စားနော် ပြောရမဲ့သူတွေမဟုတ်ဘူး"

"ဟုတ်ကဲ့အန်တီ"

မင်းဆက်က ထမင်းစားနေရင်း သူ့ရှေ့တွင်ထိုင်နေသောလင်္ကာကိုလည်းကြည့်မိလိုက်သေးသည်။လင်္ကာက ထမင်းသာစားနေပေမယ့် တကယ်ကိုစိတ်မပါဟန်။

မင်းဆက်က လင်္ကာကြိုက်တတ်သော ကြက်အသည်းနှလုံးတွေကိုဇွန်းနဲ့ခပ်လိုက်ရင်းလင်္ကာရဲ့ပန်းကန်ထဲသို့ ထည့်ပေးလိုက်လေသည်။

"ပိစိ ရော့ နှလုံးသားလေး စား"

"ဗျာ....ဟုတ်ကဲ့"

လင်္ကါက ထမင်းစားနေရင်းသူ့ပန်းကန်ထဲသို့ရောက်လာသော ကြက်နှလုံးကိုကြည့်ကာ ကြောင်တောင်တောင်လေးဖြစ်သွားရလေသည်။သို့ပေမယ့်စကားတစ်ခွန်းမှမပြောဘဲ ထမင်းကိုသာခေါင်းငုံ့၍စားနေလေသည်။ထိုအချိန် မင်းဆက်ရဲ့အမေက​ရေသောက်ပြီးတာနဲ့လက်ထဲရေခွက်ကိုချလိုက်ကာ...

"ကဲ လူစုံပြီဆိုတော့ ပြောစရာရှိတာလည်းပြောကြရအောင်"

"မေမေကဘာပြောမလို့လဲ ခရီးထွက်မလို့လား"

မင်းဆက်က သူ့အမေ လွတ်လွတ်လပ်လပ်နေတာကိုသိ၍ ခပ်ပြုံးပြုံးဖြင့်မေးလိုက်လေသည်။ပြီးတော့ အမေဖြစ်သူက ခရီးတွေထွက်ရတာကိုသိပ်ကြိုက်တာလည်းသူသိလေသည်။သို့ပေမယ့်မင်းဆက်အမေက ခေါင်းခါလိုက်ကာ....

"ဘယ်ခရီးကိုထွက်ရမှာလဲ ခရီးထွက်ရင်လည်း မင်းကို အိမ်ထောင်အရင်ချပေးခဲ့မယ်"

"မေမေတို့ကတော့ ပြောတော့မယ်"

"တကယ်ပြောနေတာ သမီးနွယ်နီနဲ့ မင်းကို လက်ထပ်ပေးဖို့အားလုံးတိုင်ပင်ပြီးပြီ သမီးလေးကလည်းလက်ခံပြီးသား ဒီကိစ္စကြီးကို​မြန်မြန်အကောင်အထည်ဖော်ချင်နေပြီ"

လင်္ကါသွေးတဲ့တေးပန်းချီ(Complete)Where stories live. Discover now