Ep 16
ဧည့်ခန်းထဲတွင် သားမိသားဖ လေးယောက်မျက်နှာချင်းဆိုင်ထိုင်နေကြလေသည်။အဖေဖြစ်သူက တည်တည်ငြိမ်ငြိမ်ဖြင့်ထိုင်နေပေမယ့် မတည်ငြိမ်နိူင်တဲ့သူတွေကတော့ လင်္ကါရဲ့အမေနှင့်အစ်မဖြစ်သူနွယ်နီသာဖြစ်လေသည်။နွယ်နီက သူ့ရှေ့က မောင်ဖြစ်သူကိုကြည့်ကာမျက်မှောင်ကျုံ့ရင်း....
"ငယ်လေးရယ် နင် မမတို့ကိုတော့အရင်တိုင်ပင်သင့်တာပေါ့"
"သားငယ် မင်းလုပ်ရပ်တွေက ကောင်းနေတယ်လို့ထင်နေလား"
"တောင်းပန်ပါတယ် မေမေ "
ထိုအခါ တစ်ချိန်လုံးငြိမ်နေသော အဖေဖြစ်သူက...
"သားကအရွယ်ရောက်နေပါပြီကွာ ဒါကလည်း သူ့ဘဝအတွက်ပဲလေ"
"ဒါတော့ဒါပေါ့ရှင်ရယ် အခုဟာက ဘန်ကောက်ထိတောင်ကျောင်းသွားတတ်မှာကို အိမ်ကိုတစ်ချက်မှမတိုင်ပင်ပဲ လုပ်တာကတော့ ဆိုးလွန်းပါတယ်"
"သားတစ်ယောက်တည်းမှမဟုတ်ဘဲ သားသူငယ်ချင်း သီဟလည်းပါတာပဲကို"
လင်္ကါကဘာမှမပြောတော့ဘဲ ခေါင်းငုံ့၍သာ နေနေတော့သည်။မနှစ်ကတည်းက ဦးလေးတွေရှိတဲ့ဘန်ကောက်တွင်ကျောင်းသွားတတ်ဖို့ပြောနေသော
သီဟ က လင်္ကာကိုပါ အဖော်ဆွယ်နေခဲ့တာကြာလေပြီ။လင်္ကာက မသွားချင်ဘူးပြော၍သာ နှစ်ယောက်လုံး ဒီမှာပဲ ရှိနေခဲ့ကြပေမယ့် အခုတော့ လင်္ကာရဲ့အတွေးတွေက တကယ်ကိုပြောင်းပြန်ဖြစ်သွားလေပြီ။လူတစ်ယောက်ကိုမေ့ဖျောက်ဖို့အတွက်ထိုလူနဲ့ဝေးရာဆီကိုသာသူသွားချင်မိတော့သည်။
"သားဆုံးဖြတ်ပြီးသွားပြီ နောက်ပြီးတော့ နောက်လထဲမှာပဲသွားဖို့ ပြင်ဆင်ပြီးပြီ"
"ငယ်လေးရယ် ငါလည်းမပြောချင်တော့ပါဘူး"
"သားရယ် ဒီမှာပဲကျောင်းဆက်တတ်လည်းရပါတယ်"
"သားပြင်ဆင်ပြီးသွားပြီမို့ပါ"
"နောက်လ ကလည်းဘယ်လောက်မှမလိုတော့ဘူးလေ"
မမရဲ့ငြီးငြူသံကိုလျစ်လျူရှုကာ လင်္ကာလည်းခေါင်းညိတ်လိုက်လေသည်။လင်္ကာက မျက်နှာပျက်ကာ မျက်ရည်ဝဲနေသောအမေဖြစ်သူရဲ့ရှေ့သို့သွားလိုက်ကာလက်နှစ်ဖက်ကိုဆုပ်ကိုင်ရင်း....
YOU ARE READING
လင်္ကါသွေးတဲ့တေးပန်းချီ(Complete)
Romanceမတည့်ရာကနေချစ်မိသွားတဲ့ကောင်လေးနှစ်ယောက်... Mar.12.2024