Ep 7
ကျောင်းသွားဖို့အောက်ဆင်းလာတော့ ဧည့်ခန်းထဲတွင်ထိုင်နေသောသူကြောင့်မျက်ခုံးလေးပင့်မိသွားလေသည်။လင်္ကာလည်းဧည့်ခန်းထဲသို့သွားလိုက်ကာမင်းဆက်ရဲ့ဘေးတွင်ဝင်ထိုင်ရင်း.....
"အစောကြီးပဲ ကိစ္စရှိလို့လား"
"ပိစိကိုကျောင်းလိုက်ပို့မလို့လေ"
မင်းဆက်ရဲ့အဖြေကြောင့်လင်္ကာကမသိမသာပြုံးလိုက်ရင်း မင်းဆက်ကိုပြန်မော့ကြည့်လိုက်ကာ...
"မမ လိုက်ပို့မှာမဟုတ်ဘူးလား"
"နွယ်နီက ညကမှပြန်ရောက်တာဆိုတော့ ပင်ပန်းနေမှာပေါ့ အဲဒါကြောင့် ကိုယ်လိုက်ပို့ပေးတာ"
"ဪ "
ချက်ချင်းကိုတိတ်ဆိတ်သွားသောကောင်လေးကိုကြည့်ကာမင်းဆက်လည်း 'ဘာဖြစ်တာလဲ' ဟူသောအတွေးဖြင့်လင်္ကါကိုကြည့်လိုက်လေသည်။လင်္ကါက ပေါင်ပေါ်ကိုတင်ထားသော ကျောပိုးအိတ်အနက်လေးကိုဘေးသို့ချလိုက်ကာ....
"မနက်စာ စားအုံးမလား ငယ်လည်းမနက်စာမစားရသေးဘူး"
"အင်းအတူတူစားမယ်လေ ဒါနဲ့အန်တီတို့ရော"
"မနိူးသေးဘူးထင်တယ်"
မင်းဆက်က ခေါင်းညိတ်လိုက်ကာလင်္ကာနှင့်အတူမနက်စာစားရန်စားပွဲတွင်နေရာယူလိုက်လေသည်။
မနက်စာစားပြီး ကျောင်းသွားရန်ကားပေါ်သို့တက်လိုက်သည်နှင့် အလိုက်သိစွာ သူ့အားခါးပတ်ပတ်ပေးလာသောသူကြောင့်စိတ်ထဲတွင်အနည်းငယ်ကျေနပ်သွားလေသည်။
ကျောင်းရှေ့ရောက်တော့ ကားပေါ်က မဆင်းသေးဘဲ
လင်္ကါက မင်းဆက်ဘက်သို့လှည့်လိုက်ကာ...
"ဟို...ညနေကျရင်ရော ကိုကို ပဲလာကြိုမှာလား"
"ပိစိက ကိုယ့်ကိုလာကြိုစေချင်တာလား"
ရုတ်တရက်သူ့ကိုစိုက်ကြည့်ကာ သူ့အမေးကိုမေးခွန်းပြန်ထုတ်နေသောသူကြောင့်မျက်နှာလွှဲလိုက်ရင်း...
"ဟို မမ ပင်ပန်းနေတယ်ဆိုလို့ပါ"
"အင်း ကောင်းပြီလေ ညနေကျရင်ကိုယ်လာကြိုမယ်"
YOU ARE READING
လင်္ကါသွေးတဲ့တေးပန်းချီ(Complete)
Romanceမတည့်ရာကနေချစ်မိသွားတဲ့ကောင်လေးနှစ်ယောက်... Mar.12.2024