Ep 18

1.3K 40 0
                                    

Ep 18

ဘာလိုလိုနဲ့ လင်္ကါတောင် ဘန်ကောက်ရောက်နေတာ တစ်နှစ်ပြည့်တော့မည်။ကျောင်းနားရက် အနည်းငယ်ရတာကြောင့် သီဟရောလင်္ကါပါ အိမ်ပြန်မည်ဟုဆုံးဖြတ်ထားလေသည်။အိမ်ကသူတွေကလည်း လွမ်းတယ်ဟု တဖွဖွပြောနေ၍ အားတဲ့ရက်လေးကိုသွားဖို့ဆုံးဖြတ်ထားတာပင်။သို့ပေမယ့် အိမ်ကိုအသိမပေးဘဲ ပြန်ရောက်မှအံ့သြအောင်လုပ်မည်ဟုတွေးထားလိုက်လေသည်။ပိုခက်လာသောကျောင်းစာတွေကြောင့်စာကိုသာအာရုံစိုက်နေရ၍ အိမ်နဲ့တောင်တစ်ခါတစ်လေမှဖုန်းပြောဖြစ်လေသည်။အခုလည်း အဝတ်စားတောင်မယူဘဲ လက်ဆောင်ပစ္စည်းအနည်းငယ်ကိုသာယူကာ အိမ်ပြန်ဖို့အားစိုက်နေလေသည်။

လေယာဥ်ဆိုက်ပြီး အပြင်ကိုရောက်သည်နှင့်Taxiကိုအမြန်ငှားပြီးတစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ရယ်မိလိုက်ကြလေသည်။သီဟကလည်းအိမ်ကိုမပြောထား၍ နှစ်ယောက်သားကကိုယ့်အကြံနဲ့ကိုယ်ဖြစ်နေသောကြောင့် တွေးပြီးရယ်မိတာလည်းပါလေသည်။မကြာခင် ခြံရှေ့သို့ရောက်တာနဲ့သီဟကိုနှုက်ဆက်ကာ ခြံတံခါးဖွင့်ထားသောကြောင့်အထဲသို့ဝင်ခဲ့လိုက်လေသည်။ထိုအချိန်အိမ်ပေါ်ကနေဆင်းလာသောအမေဖြစ်သူက လင်လင်္ကါကိုတွေ့တာနဲ့ အံ့သြ သွားကာ....

"သားငယ် "

"မေမေ ...."

"သားရယ် လာမယ်ဆိုအကြောင်းကြားပါလား"

"မေမေတို့အံ့သြ သွားအောင်လေ ဒါနဲ့ အဖေနဲ့မမရော"

"သားအဖေက သူ့အသိဆီသွားတယ် သားမမကတော့နည်းနည်းနေမကောင်းလို့..."

မျက်နှာမကောင်းစွာပြောလာသောအမေဖြစ်သူကိုကြည့်ကာလင်္ကါလည်း စိတ်ပူသွား၍ အစ်မဖြစ်သူရဲ့အခန်းထဲသို့ဝင်သွားတော့သည်။လင်္ကါ အခန်းထဲကိုဝင်သွားတော့ ခုတင်ပေါ်တွင်အိပ်နေသောနွယ်နီက လူဝင်သံကြား၍လားမသိမျက်လုံးဖွင့်လာလေသည်။

"ငယ်လေး"

"မမ နေမကောင်းဘူးဆို"

"အင်းနည်းနည်းပါ"

"အခုရောသက်သာလား အအေးပက်တာလား"

"သက်သာပါတယ်ငယ်လေးရဲ့..."

လင်္ကါသွေးတဲ့တေးပန်းချီ(Complete)Where stories live. Discover now