Ep 12
"ကျေးဇူးပါသားရယ် အန်တီတို့လည်းမနေ့ညက နောက်ကျမှပြန်ရောက်တော့ဝင်မခေါ်တော့တာ"
"ရပါတယ်အန်တီ ဒါနဲ့ အဘွားရော နေကောင်းပြီလား"
"ကောင်းပြီသားရေ အသက်ကြီးတော့လည်း သိတဲ့အတိုင်းပဲ လူကြီးရောဂါပေါ့"
လင်္ကါရဲ့အမေက ဟိုပြောဒီပြောဖြင့် မင်းဆက်ရဲ့ဘေးကသူ့သားကိုကြည့်ကာ...
"သားငယ် သားကိုကိုအပေါ်အနိူင်ကျင့်လိုက်သေးလား"
"ပိစိက မလုပ်ပါဘူးအန်တီရဲ့ အမေကတောင်သူ့ကိုချစ်နေတာ"
"ဟုတ်လား သူက ဆိုးလို့ အန်တီမှာသွားတာတောင်မဖြောင့်ဘူးဖြစ်နေတာ"
"မေမေကလည်း...."
လင်္ကါက နှာခေါင်းရှုံ့ရင်း ပြောလိုက်တော့ မင်းဆက်က ရယ်လေသည်။
"ဒါနဲ့ နွယ်နီရော အန်တီ"
"သမီးက အပြင်ထွက်သွားတယ် သားရဲ့ ဪအပြန်ကျရင် လက်ဆောင်တွေယူသွားအုံး အညာကနေယူလာတဲ့ ပစ္စည်းလေးတွေရှိသေးတယ် သနပ်ခါးတုံးတွေရောပဲ သားအမေကိုညဘက်လိမ်းအိပ်ခိုင်း မျက်နှာအေးတယ် နေအုံးအန်တီယူပေးမယ်"
"ဟုတ်ကဲ့ အန်တီ"
ပြောရင်းနဲ့လင်္ကါအမေက အပေါ်သို့တက်သွားလေသည်။လင်္ကါက အမေဖြစ်သူသွားတာနဲ့မင်းဆက်အနားကို တိုးကပ်လိုက်ကာ လက်မောင်းကို ချိတ်လိုက်ပြီး...
"လူကြီး မနက်ဖြန်ကျောင်းလိုက်ပို့ပေးမှာလား"
"အင်း နွယ်နီကိုမေးကြည့်မယ်လေ"
"ရတယ် ငယ်လေး ဘာသာ မေမေ့ကိုပြောလိုက်မယ်"
"ဟုတ်ပြီ ကိုယ်လာကြိုပေးမယ်"
မင်းဆက်ရဲ့အဖြေကိုကြားသည်နှင့်လင်္ကါက မင်းဆက်ရဲ့ပါးကိုတစ်ချက်နမ်းလိုက်လေသည်။မင်းဆက်က လင်္ကါကိုကြည့်ကာပြုံးလိုက်ရင်း...
"ဆိုးနေတယ်နော် ကောင်လေး"
"မကြိုက်ဘူးလား"
"အရမ်းကြိုက်တယ်"
မင်းဆက်စကားကြောင့် လင်္ကါက သွားတန်းဖြူဖြူလေးတွေပေါ်အောင်တောင် ရယ်လိုက်လေသည်။ထိုအချိန် အပေါ်ကနေဆင်းလာသော အမေဖြစ်သူကြောင့် မင်းဆက်ကိုကိုင်ထားသောလက်လေးကိုလွှတ်လိုက်ကာ ဘေးသို့ အနည်းငယ်ခွာပြီးထိုင်လိုက်လေသည်။လင်္ကါရဲ့အမေကပစ္စည်းတွေကို ခုံပေါ်သို့တင်လိုက်ရင်း...
YOU ARE READING
လင်္ကါသွေးတဲ့တေးပန်းချီ(Complete)
Romanceမတည့်ရာကနေချစ်မိသွားတဲ့ကောင်လေးနှစ်ယောက်... Mar.12.2024