Ep 9
လင်္ကါက မင်းဆက်ရဲ့အိမ်ကိုရောက်သည်နှင့်ကားပေါ်ကနေဆင်းကာ ခြံထဲကိုဝေ့ကြည့်လိုက်လေသည်။မင်းဆက်က ပါလာသော အထုတ်ကိုယူလိုက်ပြီးလင်္ကါကိိုအိမ်ထဲသို့ခေါ်သွားလေသည်။လင်္ကါရဲ့အဘွားက မကွေးဘက်တွင်နေပြီးနေမကောင်း၍ ဆေးရုံတင်ရမည်ဟုပြောလာသောကြောင့် တစ်မိသားစုလုံးသွားကြပေမယ့်လင်္ကါကတော့ ကျောင်းရှိသေး၍ နေခဲ့ရလေသည်။သို့ပေမယ့် တစ်ယောက်တည်းနေခဲ့ရမည့် သားဖြစ်သူကြောင့်လင်္ကါရဲ့အမေက မင်းဆက်ရဲ့အိမ်တွင်ခဏခေါ်ထားရန် အကူအညီတောင်းလိုက်ခြင်းဖြစ်လေသည်။အထက်တန်းတည်းကသိခဲ့ကြသော သူငယ်ချင်းတွေဖြစ်၍ မိဘချင်းကလည်းအထွေအထူးပြောစရာမလိုဘဲ ရင်းနှီးလေသည်။
မင်းဆက်ကဧည့်ခန်းထဲတွင်ထိုင်နေသောအမေဖြစ်သူကိုကြည့်ကာ....
"မာမီ ဒီနေ့ဘော်ဒါတွေနဲ့ လျှောက်မသွားဘူးလား"
"မသွားပါဘူး ပျင်းလာပြီ"
ချည်ထိုးရင်းနဲ့ မင်းဆက်ရဲ့အမေက ခေါင်းမော့ကာသူ့သားကိုပြန်ဖြေလိုက်လေသည်။ထိုအချိန်မင်းဆက်ရဲ့အနောက်ကနေလိုက်ပါလာသောလင်္ကါကိုတွေ့သည်နှင့်လက်ထဲက အရာတွေကိုခုံပေါ်သို့ချလိုက်ကာ....
"ဟယ် ဒါ နွယ်နီရဲ့မောင်လေးမလား လာပါအုံး"
မင်းဆက်ရဲ့အမေက လင်္ကါဆီကိုပခုံးကနေ ကိုင်ကာသူ့ဘေးတွင်ဝင်ထိုင်ခိုင်းလေသည်။လင်္ကါကလည်းဆိုဖာတွင်ဝင်ထိုင်လိုက်ကာ ခေါင်းညိတ်၍ပြုံးပြလိုက်လေသည်။မင်းဆက်ရဲ့အမေက အမျိုးသားမရှိတော့တည်းက သားဖြစ်သူနဲ့လည်းနေလာခဲ့သည်မှာအတော်ပင်ကြာနေလေပြီဖြစ်သည်။အသားဖြူဖြူနှင့် အလှအပကြိုက်ကာပျော်ပျော်နေတတ်သောအမျိုးသမီးလည်းဖြစ်လေသည်။မင်းဆက်ရဲ့အမေက လင်္ကါရဲ့လက်လေးကိုကိုင်လိုက်ကာ....
"ကြည့်စမ်းပါအုံး ဂွမ်းလုံးလေးလိုပဲ ဖြူဖြူလေးနဲ့ချစ်စရာလေး သားနာမည်က နေပါအုံး မှတ်မိပါသေးတယ်"
မင်းဆက်ရဲ့အမေက ခဏစဥ်းစားလိုက်ရင်းသတိရသည်နှင့်....
"ဪ သီပြီ လင်္ကါသွေး ဟုတ်တယ်မလား"
YOU ARE READING
လင်္ကါသွေးတဲ့တေးပန်းချီ(Complete)
Romanceမတည့်ရာကနေချစ်မိသွားတဲ့ကောင်လေးနှစ်ယောက်... Mar.12.2024