Ep 15
စေ့စပ်ပွဲ.....
တစ်ပတ်လောက်ကြာသည်နှင့်နှစ်ဖက်မိဘတွေစုံစွာလုပ်ပေးလာသောစေ့စပ်ပွဲဟာ လာသမျှဧည့်သည်တိုင်းရဲ့ပါးစပ်ထဲတွင် သားနဲ့သမီးလေးကအရမ်းလိုက်ဖက်တယ်ဆိုတာပင်....။ဟိုနေ့ညကတည်းက မတွေ့ရတော့တဲ့မျက်နှာလေးအား အခုသူ့ရှေ့တွင်မြင်လိုက်ရသောကြောင့်လင်္ကါတစ်ယောက် ခပ်တွေတွေလေးကြည့်နေမိသည်။နောက်ဆို သူဟာဒီလိုကြည့်ချင်ရင်တောင်ကြည့်ခွင့်ရှိတော့မှာမဟုတ်ပေ။သူ့ရဲ့ယောက်ဖ ဖြစ်လာမည့်သူရဲ့အပေါ် စိတ်တွေမယိုင်မိအောင်ထိန်းချုပ်ရတော့မည်။လင်္ကါမှာ အစ်မဖြစ်သူနှင့် ချစ်ရသူ၏စေ့စပ်ပွဲတွင် မျက်နှာမပျက်အောင် မနည်းထိန်းရင်းမပြုံးချင်လည်းပြုံးနေရလေသည်။
ထိုအချိန် အမေဖြစ်သူက လင်္ကါကိုကြည့်ကာ....
"သားငယ် ဧည့်သည်ကိုကော်ဖီလေးထည့်ပေးလိုက်ပါအုံး"
"ဟုတ်ကဲ့မေမေ"
လင်္ကါမှာ ကော်ဖီထည့်နေရင်း မျက်ရည်ဝဲကာ ဝေဝါးလာသောအမြင်ကြောင့်.....
"အ့ "
"ဟယ် ငယ်လေး အပူလောင်သွားတာလား"
လင်္ကါမှာ ကော်ဖီထည့်နေရင်း မခိုင်တော့တဲ့လက်တွေကြောင့်ကော်ဖီအိုးကိုမထိန်းနိူင်တော့ဘဲ လက်ခုံပေါ်သို့အနည်းငယ်ဖိတ်စင်သွားလေသည်။ဖျော်ထားတာမကြာသေးသောကော်ဖီတွေကြောင့် ဖြူဖြူဖွေးဖွေးလက်ခုံပေါ်တွင် အနီကွက်ကြီးက ထင်းကနဲ။ချက်ချင်းပင် ထဖို့ပြင်နေသောအစ်မဖြစ်သူကြောင့်ပြုံးလိုက်ရင်းအမြန်တားလိုက်ကာ....
"ရတယ်မမ ငယ်လေးဘာသာ လုပ်လိုက်မယ် မမထိုင်နေပါ"
"ရရဲ့လားသားငယ်"
"ရတယ်အန်တီ ရေအေးအေးနဲ့ဆေးလိုက်ရင်အဆင်ပြေပြီ"
စိုးရိမ်စွာပြောလာသောမင်းဆက်ရဲ့အမေကိုအပြုံးလေးဖြင့်ပြန်ပြောကာ မီးဖိုဆောင်သို့ထွက်ခဲ့ရလေသည်။ဘေစင်ကိုရောက်တာနဲ့နီရဲနေသောလက်ကိုရေနဲ့ဆေးချလိုက်ရလေသည်။ခပ်ကြာကြာ ဆေးပြီးတဲ့နောက်မှာ တစ်ရှူးယူကာသုတ်နေချိန် မီးဖိုဆောင်ထဲသို့ဝင်လာသောသူကြောင့်မော့ကြည့်လိုက်တော့သူ့ကိုတစ်ချက်ကြည့်ကာ....
YOU ARE READING
လင်္ကါသွေးတဲ့တေးပန်းချီ(Complete)
Romanceမတည့်ရာကနေချစ်မိသွားတဲ့ကောင်လေးနှစ်ယောက်... Mar.12.2024