Ep 17

1.1K 41 3
                                    

Ep 17

"ငယ်လေး နေမကောင်းဘူးလား"

"ကောင်းပါတယ်မမရဲ့ "

လင်္ကါတို့က အချိန်မကျသေး၍ ထိုင်နေချိန် အစ်မဖြစ်သူရဲ့အမေးကြောင့် အားတင်းကာပြုံးရင်းနဲ့ပဲ ပြန်ဖြေလိုက်ရလေသည်။သီဟက ရေဗူး လာပေးသောကြောင့် ယူလိုက်ပြီးချက်ချင်းပင်ဖွင့်သောက်လိုက်သည်။သို့ပေမယ့်လည်း ရင်ထဲကအပူဟာ ရေလေးတစ်ဗူးနဲ့ပင်မငြိမ်းသက်နိူင်ပေ။နွယ်နီက အဝေးကိုကြည့်ကာ....

"မင်းဆက်ကလည်း ပြောတော့လာမယ်ဆိုပြီးတော့..."

"ဟင် မမက သူ့ကိုခေါ်ထားလို့လား"

"အင်းလေ ဟိုတနေ့က ငယ်လေးဘန်ကောက်မှာကျောင်းသွားတတ်မယ့်အကြောင်းကိုပြောပြရင်းနဲ့သူ့ကိုဒီနေ့လိုက်ပို့ဖို့ခေါ်ထားတာကို အခုထိမလာသေးဘူး"

"မခေါ်ပါနဲ့တော့မမရဲ့သူမအားလို့နေမှာပါ"

မလာပါနဲ့...။နောက်ဆုံးအချိန်လေးမှာ မျက်နှာလေးအားခဏလောက်တွေ့ချင်နေပေမယ့်လည်း မလာတာပဲ ပိုကောင်းမည်ဟုတွေးမိလေသည်။အစ်မဖြစ်သူက မင်းဆက်ကိုဖုန်းခေါ်နေရင်းနဲ့မျက်မှောင်ကျုံ့လိုက်ကာ...

"ဖုန်းခေါ်တာလည်းမကိုင်ဘူး"

"ထားလိုက်ပါ မမရဲ့ သူမအားလို့နေမှာပါ"

"ငယ်လေးနဲ့ အကြာကြီးခွဲရတော့မယ်"

နွယ်နီက လင်္ကါကိုဖက်ကာ မျက်ရည်ဝဲရင်းပြောလာလေသည်။လင်္ကါက အစ်မဖြစ်သူရဲ့လက်လေးကိုဆုပ်ကိုင်ရင်း...

"တစ်သက်လုံးနေမှာမှမဟုတ်တာ မမကလည်း"

"အားတဲ့ရက်တွေဆိုပြန်လာနော် ကြားလား"

"အင်းပါ မမရဲ့..."

နွယ်နီက လင်္ကါကိုသေချာကြည့်ကာပြုံးလိုက်ရင်းဆံပင်လေးကိုဖွလိုက်လေသည်။

"မမ မင်္ဂလာဆောင်ရင်ငါ့မောင်လေးကို သတို့သားအရံလုပ်ခိုင်းရမယ် ငါ့မောင်ကတကယ်ကိုအချောလေးပဲ"

"လုပ်ပေးရမှာပေါ့ မမအတွက်ပဲကို..."

လင်္ကါတစ်ယောက်ပြုံးရင်းသာထိုစကားအားပြောလိုက်ပေမယ့် ရင်ဘက်ထဲတွင်တော့ အတော်ကိုနာကျင်နေမိသည်။သွားရဖို့အချိန်ကျလာချိန်တွင်သူ့ကိုဖက်ကာငိုနေသောသူကြောင့်လင်္ကါလည်းအစ်မဖြစ်သူကိုနှစ်သိမ့်လိုက်ရလေသည်။တော်သေးသည်။ လူကြီးတွေကိုပင်ပန်းမှာစိုး၍ ထားခဲ့လိုက်လို့ပင် မဟုတ်ရင် သူ့မှာ အစ်မဖြစ်သူကိုပါမက အမေဖြစ်သူကိုပါချော့နေရတော့မည်။လင်္ကါက သွားရတော့မည်ဖြစ်၍ အစ်မဖြစ်သူကိုနှုက်ဆက်ကာ သီဟနှင့်အတူ သွားဖို့ပြင်လိုက်တော့သည်။မသွားခင် သူ့အားပွေ့ဖက်နှုက်ဆက်နေသောအစ်မဖြစ်​သူကိုပြန်လည်ပွေ့ဖက်ရင်း တစ်ယောက်သောသူကိုမျှော်လင့်မိပြန်သည်။ရုတ်တရက်မနေ့ညက အဖြစ်အပျက်အားပြန်လည်တွေးတောမိပြန်တော့ အစ်မဖြစ်သူကိုအားလည်းအားနာမိသလို တစ်ဆက်တည်းမှာပင်အစ်မဖြစ်သူကို အားကျမိပြန်သည်။ခုတင်ပေါ်တွင်ကိုယ်နဲ့ခဏတာ နှီးနှောခဲ့ကြတာတောင်အဆုံးသတ်တွင်ထွက်ပေါ်လာသောအမည်နာမက သူ့အား ချောက်နက်ထဲသို့တွန်းချလိုက်သလိုပင်။



လင်္ကါသွေးတဲ့တေးပန်းချီ(Complete)Where stories live. Discover now