ဒီနေ့ကျမှ ကောင်းကင်ကြီးကမှိုင်းပျပျဖြစ်နေသည်။ဟန်ဘင်းထုံးစံအတိုင်းချယ်ရီပင်အောက်မှာထိုင်ပြီးစာဖတ်သည်။ လက်ထဲမှာပုဝါလေးတစ်ထည်ကိုင်ထားပြီးပိုင်ရှင်ဆီကိုပြန်ပေးဖို့။ဒီနေ့နဲ့ဆို အဲကောင်လေးကိုမတွေ့ရတာတစ်ပတ်လောက်ရှိပြီထင်တယ်။
ဟန်ဘင်းသိချင်သည်။သူ့ကိုလက်ကိုင်ပုဝါပေးပြီးနေ့ကတည်းကပျောက်သွားတော့သူသိချင်နေတာနဲ့ဟာအိုရဲ့သူငယ်ချင်းတွေကိုမေးမယ်လုပ်ထားသည်။"တစ်ဆိတ်လောက်ပါဗျ ဟို...ဟိုတစ်နေ့ကကျွန်တော့်ကိုလာတောင်းပန်ကောင်လေးကရော
သူမလာတော့ဘူးလား"
ဟန်ဘင်းမနေနိုင်တော့တဲ့အဆုံး သွားမေးလိုက်သည်
အဲအချိန်မှာသူ့တို့အုပ်စုထဲက "ထယ်ရယ်"လို့ခေါ်တဲ့ကောင်လေးတစ်ယောက်က"ဟော ဟာအိုလား?
သူတရုတ်ကိုပြန်သွားပြီဗျ"
"အာ...ဟုတ်လား"
"ဘာကိစ္စများရှိလို့လဲဗျ"
"ဘာမှမဟုတ်တော့ပါဘူး"
သူဘာမှမဆက်မမေးတော့ပဲထွက်လာလိုက်တော့သည်။
ဟန်ဘင်းစဉ်းစားသည် လက်ကိုင်ပုဝါဘယ်လိုပြန်ပေးရမှာလည်း?
ပိုင်ရှင်ကလည်းတရုတ်ကိုပြန်သွားပြီလေ။အိမ်ရောက်တော့ ခဏနားနေရင်း သူစားပွဲအောက်မှာရှိတဲ့သေတ္တာ လေးကိုယူလိုက်တယ်။
ဟန်ဘင်းမှာသေတ္တာလေးတစ်လုံးရှိသည်။အဲသေတ္တာထဲမှာသူ့ဘဝနဲ့ပက်သက်တဲ့အမှတ်တရပစ္စည်းတွေသိမ်းထားသည်။လက်ကိုင်ပုဝါလေးကိုအဲသေတ္တာလေးထဲကိုထည့်ထားလိုက်သည်။
______________________________________
ဟန်ဘင်းတို့မိသားစုကချမ်းသာတဲ့မိသားစုထဲတွင်ပါသည်။
ဟန်ဘင်းအမေက ကော်ဖီဆိုင်ဖွင့်ထားပြီး အဖေကတော့ကုမ္ပဏီကိုဦးစီးသည်။ဟန်ဘင်းကတော့ ကော်ဖီဆိုင်မှာပဲအနေများပြီး အဖေအလုပ်ကိစ္စတွေကိုတစ်ခါတစ်လေမှကူပေးသည်။"ဟန်ဘင်း ထတော့
ဒီနေ့ဆိုင်ကိုသွားရမှာမလား"
ဟန်ဘင်းအမေ အိမ်အောက်နေလှမ်းနှိုးသည်။
"ထပါပြီ အမေ"
ဟန်ဘင်းအိပ်ချင်မူးတူးအသံနှင့်ပြန်ဖြေသည်။
သူမျက်နှာသစ်ရေချိုးအဝတ်အစားတွေလဲပြီးအိမ်အောက်ကိုဆင်းလာခဲ့သည်။အမေကတော့သူ့အတွက်မနက်စာပြင်ဆင်ပေးထားသည်။
YOU ARE READING
Once Again [BinHao]♡
Фанфикအသက်ရှင်ဖို့မျှော်လင့်ချက်မရှိတော့တဲ့အချိန်ဟန်ဘင်းဆိုတဲ့လူသားလေးက ကျန်းဟောက့် အသက်ဆက်ရှင်ဖို့အကြောင်းပြချက်လေးတစ်ခုဖြစ်ခဲ့တယ်...