ဖြတ်တောက်ရခက်တဲ့သံယောဇဥ်ဟာ
သည်လူ့ကိုမှတွယ်ညှိခဲ့၏။တဖက်သတ်တဲ့။စာလုံးလေးသုံးလုံးတည်းရယ်
ဒါပေမယ့်နာကျင်ရတယ်မလား။
ကိုယ်ကတစ်ဖက်သားအပေါ်
ချစ်ခြင်းမေတ္တာတွေကိုပေးနေပေမယ့်
လိုလိုလားလားလက်ခံမှ။မဟုတ်ရင်ဒါကသူ့အတွက်
မလိုအပ်လို့စွန့်ပစ်ထားတဲ့အမှိုက်သာသာပါပဲ။အတတ်နိုင်ဆုံးသဘောမကျမိအောင်နေခဲ့ပါသေးရဲ့နဲ့။ဘာလို့လဲ။
ဟာအို ဆွဲလက်စပုံတွေကိုရပ်လိုက်ပြီး
ဗိုက်ကဆာလာတာမို့လို့တစ်နေရာရာကို
သွားဖို့ပြင်ဆင်လိုက်သည်။ဟာအို T-shirt တစ်ထည်နှင့်ဘောင်းဘီတိုကို၀တ်ဆင်ထားသည်။ဒါကသူအိမ်မှာနေရင်း၀တ်နေကျပဲလေ။
အိမ်ရှေ့မှာထောင်ထားတဲ့စက်ဘီးတစ်စီးကိုယူပြီး
သူဦးတည်သွားနေတာက နေရာတစ်ခုပဲရှိသည်။လေညင်းကသူ့ပါးနုနုလေးကိုလာဟပ်တာမို့လို့
ပြုံးမိလိုက်သည်။ အမှန်တိုင်းပြောရရင်
ဒီအခြေအနေလေးကိုသဘောကျသည်။စီးလာတဲ့တစ်လျှောက်အကောင်းသား။
ဟန်ဘင်းတို့ဆိုင်ကိုရောက်ခါနီးမှ
တစ်ဖက်ကပြေးထွက်လာတဲ့ကလေးမလေးတစ်ယောက်ကို
တိုက်မိတော့မလိုဖြစ်တာကြောင့် ရှောင်လိုက်သည်။
ကလေးကဘာမှမဖြစ်ပေမယ့် သူကတော့
လက်ကောခြေမှာပါပွန်းပဲ့သွားသည်။"လူလေး...အဆင်ပြေရဲ့လား"
"ဟုတ်..အဆင်ပြေပါတယ်"
သူလဲကျနေတဲ့စက်ဘီးကို
ဆွဲထူနေရင်း"ဟောက့်.."
သူ့နာမည်ကိုခေါ်လိုက်တာမို့လို့
မော့်ကြည့်မိတော့...မိန်းမကြီးတစ်ယောက်ကသူ့ကို
အံ့ဩနေတဲ့မျက်၀န်းတွေနဲ့ကြည့်နေတာ။မတွေ့ရတဲ့နှစ်တွေအကြာကြီးမှာတောင်
အရင်တိုင်းမပြောင်းမလဲဘဲရှိနေသေးတာပဲ။သူစက်ဘီးကိုယူပြီး
ထွက်လာဖို့လုပ်နေတုန်းအနောက်ကထွက်လာတဲ့စကားတစ်ခွန်း..
"သား...အဆင်ပြေရဲ့လား..
သူဟာတွေ၀ေခြင်းမရှိပဲ..
![](https://img.wattpad.com/cover/358717069-288-k694562.jpg)
YOU ARE READING
Once Again [BinHao]♡
Fanficအသက်ရှင်ဖို့မျှော်လင့်ချက်မရှိတော့တဲ့အချိန်ဟန်ဘင်းဆိုတဲ့လူသားလေးက ကျန်းဟောက့် အသက်ဆက်ရှင်ဖို့အကြောင်းပြချက်လေးတစ်ခုဖြစ်ခဲ့တယ်...