ဟာအိုအိမ်ထဲခြေလှမ်းလိုက်တော့ တဖန်ခံစားလိုက်ရတဲ့
"အထီးကျန်ခြင်း"ဆိုတဲ့ခံစားချက်...တစ်အိမ်လုံးမှောင်မဲနေတာမို့လို့မီးခလုတ်ကိုဖွင့်လိုက်ပြီး
ဧည့်ခန်းထဲကဆိုဖာမှာလှဲချလိုက်သည်။လက်ကိုနှဖူးပေါ်တင်ထားပြီးသူလေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။နောက်ပြီးနှိမ့်လိုက်မြင့်လိုက်ဖြစ်နေတဲ့သူ့ရင်ဘက်တစ်စုံ..။အခုရက်ပိုင်းသူနှလုံးကအရင်ကလိုမဟုတ်တော့တာသူသတိထားမိ၏။
Ring Ring
ဖုန်း contact ကိုကြည့်လိုက်တော့
"ပါးပါး"ဆီက"ဟယ်လို"
"..."
"မနက်ဖြန်ကျရင် ငါတရုတ်ကိုပြန်တော့မှာ
မင်းပြန်လိုက်ခဲ့မှာလား"
သူခနလောက်စဥ်စားနေပြီး
"မလိုက်တော့ဘူး ကျွန်တော်ဒီမှာပဲနေတော့မယ်"
"ဟုတ်ပြီ မင်းသဘောပဲ"
အဲလိုပြောပြီးချက်ချင်းကျသွားတဲ့ဖုန်း
အဖေလို့သာခေါင်းစဥ်တပ်ထားရတာ
တစ်ခါမှသူ့ကို"သား"လို့ခေါ်ခြင်းမရှိခဲ့...
သူ့ကိုငယ်ငယ်ကခေါ်ခဲ့ဖူးပေမယ့် မှတ်မှတ်ရရသူ့အမေနဲ့ကွာရှင်းခဲ့တဲ့နောက်ပိုင်းမှမခေါ်တော့တာ။အဲအချိန်ကတည်းကစပြီး သူ့ဘ၀ကြီးကလည်းရှင်လျက်နဲ့သေနေခဲ့တာ။သူတွေ၀ေခြင်းမရှိပဲနှိပ်လိုက်တဲ့ဖုန်းနံပါတ်လေးတစ်ခု
"ဟယ်လို..ပြောပါ"
"မနက်ဖြန်ဆေးရုံလာခဲ့မယ်"
"သောက်ဆေးကုန်သွားလို့လား"
"အင်း.."
"၉နာရီလောက်လာခဲ့လေ"
"အဲတာထက်နောက်ကျချင်နောက်ကျလိမ့်မယ်"
"ရပါတယ်..ဒါဆိုဒီလောက်ပဲ
ကျန်တာမနက်မှဆက်ပြောကြတာပေါ့"
"ဟုတ်ကဲ့ပါ.."
.
.
.အချိန်အားဖြင့်ညဘက်၂နာရီရှိနေပြီဖြစ်သည်။
အိပ်ယာထဲမှာဟိုဘက်ဒီဘက်လူးလှိမ့်နေရင်းအိပ်ပျော်အောင်ကြိုးစားနေသည့်ဟန်။
YOU ARE READING
Once Again [BinHao]♡
Fanficအသက်ရှင်ဖို့မျှော်လင့်ချက်မရှိတော့တဲ့အချိန်ဟန်ဘင်းဆိုတဲ့လူသားလေးက ကျန်းဟောက့် အသက်ဆက်ရှင်ဖို့အကြောင်းပြချက်လေးတစ်ခုဖြစ်ခဲ့တယ်...