အပိုင်း ၁၀(၁)

106 8 0
                                    

ဒီနေ့လည်းဟန်ဘင်းတို့ဟောက့်တို့အိမ်ရောက်နေပြန်သည်။အိမ်ရှေ့ကကွန်ပျစ်မှာထိုင်ပြီးဟောက့်ကဟန်ဘင်းရင်ခွင်ထဲမှာ
ကြောင်ပေါက်လေးတစ်ကောင်လိုထိုင်နေသည်။ညဘက်မို့
လေစိိမ်းတွေကလည်းတိုက်နေသည်။
ကောင်းကင်ကလမင်းရဲ့အလင်းရောင်ကဖြာကျနေတယ်။
ကြယ်တွေကလည်းနဲ့တောက်ပနေတယ်။

ဟောက့်ပုံမှန်အတိုင်းဟန်ဘင်းတို့ဆိုင်ကိုလာတယ်။
ဟန်ဘင်းနဲ့အတူစကားတွေထိုင်ပြောကြတယ်။ညနေဘက်ဆိုစက်ဘီးစီးတယ်။တစ်ခါတစ်လေရုပ်ရှင်ကြည့်တယ်၊ ညဘက်ဆိုဒီလိုပဲဟောက့်တို့အိမ်ရှေ့မှာထိုင်ပြီးတစ်နေ့တာအဖြစ်အပျက်တွေပြောပြတယ်။သူတို့နှစ်ယောက်ရိုးရှင်းစွာပဲဘ၀ကိုဖြတ်သန်းကြတယ်။
ဟောက့်ကခနခနဆိုသလိုဟန်ဘင်းကိုဂရုစိုက်ဖို့မှာတယ်။ဒီလိုပြောလာတဲ့အချိန်တိုင်းဟန်ဘင်းကပြန်မေးတယ်။

"ကိုကို..ဘယ်သွားမှာမို့လို့ ဒီလိုပြောနေရတာလဲ"တဲ့

"ဘယ်မှာမသွားပါဘူး"

မေးလိုက်တိုင်းဒီလိုအဖြေကိုပဲကြားရတယ်။
အရင်နေ့တွေတုန်းကဆိုသူတို့စကား၀ိုင်းကအဲ့နေရာမှပဲအဆုံးသတ်တယ်။ဒီတခါမှာတော့အဲလိုမဟုတ်ခဲ့ဘူး။

"ကိုကို...မောင့်ကိုထားရစ်ပြီးဘယ်မှာမသွားနဲ့နော်"

ဟောက့်ကိုတင်းကျပ်စွာဖက်ထားလိုက်ပြီးဟောက့်ပခုံးပေါ်
မေးတင်ထားလိုက်ကာမောင်ဟာ..စကားတစ်ခွန်းကိုဆိုလာခဲ့တယ်။

"ကိုကိုဘယ်မှာမသွားရဘူး..ကျွန်တော်လည်းမသွားဘူး"တဲ့။

"..."

"မသွားဘူး"အဲ့စကားကိုဟောက့်ပြောမထွက်ခဲ့ဘူးလေ။သူတွေ၀ေနေခဲ့တယ်။ဘယ်လိုစိတ်နဲ့ပြောထွက်ပါ့မလဲ။

ဟန်ဘင်းသူ့ရင်ခွင်ထဲကကောင်လေးဟာဘာစကားမှထွက်မလာငြိမ်နေတော့
ဟောက့်ကိုသူ့ဘက်လှည်စေပြီးမျက်နှာသေးသေးလေးကိုကိုင်ထားကာ

"ကိုကိုဘာတွေတွေးနေတာလဲဟင်"

"အင်း..ဘာမှမဖြစ်ပါဘူး"

ဟောက့်...ဟန်ဘင်းကိုပြန်ပွေ့ဖက်လာတယ်။
သူ့ကိုယ်သူအပြစ်တင်မိတယ် မတည်နိုင်တဲ့ကတိတွေအထပ်ထပ်ပေးခဲ့တယ်။မချစ်မိအောင်နေရင်းနဲ့ပိုရုန်းလေပိုနစ်လေဆိုတဲ့အတိုင်းအဲ့လူသားအောက်မှာပဲပျော်၀င်သွားခဲ့တယ်။

Once Again [BinHao]♡Where stories live. Discover now