အပိုင်း ၈

104 12 0
                                    

ဟန်ဘင်း သူ့ရှေ့ကကောင်လေးကိုကြည့်နေတာကြာပြီ။
အပြင်ဘက်ကိုငေးကြည့်နေလိုက်တာ။
သူဟာအိုကိုကြည့်လိုက်တော့ မျက်၀န်းတွေက၀မ်းနည်းမှုတွေကိုဖော်ပြသလို၊ကြောက်ရွံ့မှုတွေကိုလည်းဖော်ပြနေသည်။
မျက်တောင်လေးတွေကလည်းစိုအိအိဖြစ်နေသေးသည်။
ဟာအိုစိတ်ထဲဘာတွေတွေးနေမလဲဆိုတာဟန်ဘင်းသိချင်စိတ်တွေဖြစ်ပေါ်လာသည်။
.
.
.
.

"hyung..မျက်နှာလည်းမကောင်းဘူး..
နေမကောင်းဖြစ်နေလို့လား.."

သူ့ဘက်ပြန်လှည့်လာကာ

"မဟုတ်ပါဘူး"ဟာအိုခေါင်းခါပြလျက်ပြန်ပြောလိုက်သည်။

"အဲဆိုဘာကိစ္စရှိလို့ ဒီလောက်တောင်မှိုင်တွေနေရတာလဲ..

"..."

"Hyung မပြောချင်လဲရပါတယ်

ဒါပေမယ့်...ဒီလိုကြီးတော့မနေနဲ့လေ..ကျန်းဟာအိုမပီသလိုက်တာ"

ဟန်ဘင်းစကားကြောင့်ဟာအိုပြုံးမိသည်။ခါတိုင်းဆိုအမြဲတမ်းရွှင်ပျနေတဲ့သူပါ။

ဟာအိုသူ့ရှေ့ကအအေးကိုတစ်ကျိုက်မော့လိုက်ပြီးစကားဆက်လာခဲ့၏။

"ငါ..ဒီနေ့..သူမကိုတွေ့ခဲ့တယ်"

"ဘယ်သူ့ကို.."

"ငါ့ရဲ့အမေရင်း.."

ဟန်ဘင်းဖတ်နေတဲ့စာအုပ်ကိုပိတ်ပြီးဘေးချထားလိုက်ကာ
ဟာအိုပြောလာမယ့်စကားတွေကိုဂရုတစိုက်နားထောင်နေခဲ့သည်။ဒါပဲလေ ဟန်ဘင်းကဟာအိုနဲ့ပက်သက်လာရင်ဂရုတစိုက်ရှိတာ ဘေးလူတွေကပါအသိ။

"အဲတော့..hyung..ကိုသူကဘာတွေပြောခဲ့တာလဲ?"

"ဘာမှတော့မပြောခဲ့ဘူး.."

"ဒါပေမယ့်..သူ့မှာကလေးတစ်ယောက်နဲ့
hyungကိုလည်းအဆင်ပြေရဲ့လားဆိုပြီး
မေးသေးတယ်..

"သူမေးတော့ hyungဘာပြန်ဖြေခဲ့သေးလဲ"

"အင်း..အဆင်ပြေတာမှအရမ်းကိုမှအဆင်ပြေနေတာ
လို့ပြန်ဖြေခဲ့တယ်.."

ဟာအိုစကားအဆုံးမှာအသံတွေတိမ်၀င်သွားသည်။
ဘာစကားမှထွက်မလာတော့ပဲခေါင်းငုံ့ကာလက်ခုံတွေကိုပဲကုတ်ခြစ်နေမိတယ်။

Once Again [BinHao]♡Where stories live. Discover now