"ဟန်ဘင်း မင်းကိုသဘောကျတာမိတာကအပြစ်တစ်ခုဆိုရင်
ကိုယ်အဲ့အပြစ်ကိုကျေကျေနပ်နပ်နဲ့ခံယူမှာ"ဒီနေ့လည်းတိမ်စိုင်တွေမရှိတဲ့ကောင်ကင်းကြီးကကြည်လင်နေပြန်သည်။
ရာသီဥတုကလည်းသာယာပြီးလေပြေကလည်းဖြေးညင်းစွာတိုက်နေသည်။
ချယ်ရီပွင့်ဖတ်လေးတွေကြွေပြီးမြေပြင်မှာပြန့်ကျဲနေသည်။နှစ်ယောက်အတူတူလမ်းလျှောက်နေရင်းဟာအိုကမကြာခဏဆိုသလိုဟန်ဘင်းကိုလှမ်းကြည့်တတ်သည်
"Hao ge
ကျွန်တော်ခြေထောက်ညောင်းနေပြီ တစ်နေရာရာမှာ၀င်ထိုင်ရအောင်"
"အင်း"
ဟာအိုခေါင်းညိတ်ပီးဖြေလိုက်သည်။အရိပ်ရပြီး ရေကန်ပါမြင်ရသည့်နေရာကိုရွှေးလိုက်သည်။
သူတို့နှစ်ယောက်ကြားတိတ်ဆိတ်သွားပြန်သည်။ခနကြာတော့ဟန်ဘင်းဘက်က"ဟျောင်း..ကျွန်တော်တို့ နှစ်တိုင်းချယ်ရီပန်းတွေပွင့်တာကိုအတူတူလာကြည့်ရအောင်"
ရေကန်ပြင်ကြီးကိုကြည့်ရာကနေသူ့ဘက်လှည့်လာပြီး
ပြောလာတဲ့စကားတစ်ခွန်း..."အင်း...တူတူကြည့်ကြတာပေါ့"
"အင်း"ဆိုတဲ့စကားကိုကြားပြီးပြုံးကာပြန်လှည့်သွားတဲ့ဆောင်းဟန်ဘင်း
ဟာအိုကတော့အဲ့အပြုံးတွေကိုသဘောကျလို့ဒီအတိုင်းကြည့်နေလိုက်သည်။
"ဘယ်အချိန်ထိအတူတူရှိနေနိုင်မှာလည်းမသိပေမယ့်ငါ..အသက်ရှင်နေသရွေ့မင်းနဲ့အတူလာကြည့်ပေးမယ်"
"ဟျောင်း ဗိုက်မဆာဘူးလား"
"နည်းနည်းတော့ဆာသလိုပဲ.."
"အဲဆိုကျွန်တော်စားဖို့တစ်ခုခုသွား၀ယ်လိုက်အုန်းမယ်"
"အင်း.."
ဟန်ဘင်းမုန့်၀ယ်ဖို့အလောတကြီးထလာလိုက်တာ
ဟာအိုဘာကြိုက်မှန်းမသိ..
YOU ARE READING
Once Again [BinHao]♡
Fanfictionအသက်ရှင်ဖို့မျှော်လင့်ချက်မရှိတော့တဲ့အချိန်ဟန်ဘင်းဆိုတဲ့လူသားလေးက ကျန်းဟောက့် အသက်ဆက်ရှင်ဖို့အကြောင်းပြချက်လေးတစ်ခုဖြစ်ခဲ့တယ်...