2.2K 61 5
                                    


'တီ........'

ကားရှေ့သို့ပြေးဝင်လာသည့် လူတစ်ယောက်ကြောင့်
ဆူးသစ် ကားဟွန်းကို အဆက်မပြတ်တီးကာ ဘရိတ်အုပ်လိုက်ရသည်။

"တောက်..
ကားတစ်စီးလုံးလာနေတာ မမြင်ဘူးလားမသိဘူး"

ဒေါသဖြစ်ဖြစ်နှင့် ကားထဲက ထွက်လာကာ တံခါးကို
ဆောင့်ပိတ်လိုက်သည်။
ကားရှေ့သို့ ခြေလှမ်းကျဲများဖြင့် လျှောက်လာပြီး
ကြည့်လိုက်တော့
ကတ္တရာလမ်းမထက် လေးဘက်ထောက်ကာ မက်တပ်ရပ်ဖို့ ကြိုးစားနေသူတစ်ဦး။
ဖြန့်ချထားသည့်ဆံပင်ရှည်တွေက ကတ္တရာလမ်းမ
နှင့်ထိနေပြီး တိုနန့်နန့်စကပ်ကြောင့် အတွင်းကခံဝတ်ထားသည့် အနက်ရောင်ဘောင်းဘီတိုကို ကားမီးရောင်အောက် အရှင်းသားမြင်နေရသည်။
ဖိနပ်တစ်ဖက်ကစီးလျက်သားနှင့် နောက်တစ်ဖက်
ကိုတော့လက်မှာကိုင်ထားကာ ဒယိမ်းဒယိုင်ဖြင့်ပင်
မက်တပ်ရပ်လာသည်။

"ဟေ့...
ကားလာနေတာမမြင်ဘူးလား..
တိုက်မိရင်သေတတ်တယ်...ဘာလို့ဖြတ်ပြေး
တာလဲ.."

ဆူးသစ် ခါးထောက်ကာ သူမရှေ့က အမူး
သမကို အော်ပြောလိုက်သည်။

"ဘာလို့လဲ...ဘာလို့မတိုက်မိတာလဲ.."

ထိုမိန်းကလေးက
အာလေးလျှာလေးဖြင့် ပြောနေပြီး မျက်နှာပေါ်အုပ်
ကျနေသည့် အဝါရောင်ဆံနွယ်တွေကို သပ်တင်
လိုက်သည်။
မှေးစင်းနေသည့်မျက်ဝန်းတွေနှင့် တွန့်ချိုးနေသည့် မျက်ခုံးနှစ်ဖက်က ဆူးသစ် ကိုပို၍ စိတ်ရှုပ်
စေသည်။

"shit!
ဘယ်လိုမိန်းကလေးလဲမသိဘူး.."

ဆူးသစ် စိတ်ပျက်စွာနှင့်ရေရွတ်ကာ
အနောက်သို့ပြန်လှည့်တော့ သူ့လက်ကိုနောက်မှ
လှမ်းဆွဲခံလိုက်ရလေသည်။
အနားကပ်လာသည့် ထိုမိန်းကလေးဆီမှတဆင့်
နှာခေါင်းထဲတိုးဝင်လာသည့် အရက်နံ့ကြောင့်
ဆူးသစ် ထိုမိန်းကလေးရဲ့လက်ကိုဖြုတ်ချကာ
နှာခေါင်းကိုလက်ညှိုးဖြင့် ကန့်လန့်ပိတ်လိုက်မိသည်။
မိန်းကလေးဖြစ်ပြီး လူမှန်းသူမှန်းမသိရလောက်အောင် သောက်ထားလိုက်တာ။
ဝတ်ထားတာတွေကလဲ ဒီလိုရာသီဥတုမှာတောင်
အတိုအပြတ်နှင့်။
ကိုယ်တောင်အေး၍ အောက်ကတီရှပ်ပေါ်မှာ
ရှပ်တစ်ထည်ထပ်ဝတ်ထားရသည်။
ဘယ်လိုဟာလဲဟု စိတ်ထဲက တွေးမိသွားသည်။

ချာတိတ်(paid)Where stories live. Discover now