838 47 4
                                    


"ပြောစမ်းပါဦး...အဲ့နေ့ကဘာလို့ လူမှန်းသူမှန်း
မသိလောက်တဲ့ထိ သောက်ရတာလဲ...ဟမ်...
ကားနဲ့တိုက်မိသွားရင် ဘယ်လိုလုပ်မလဲ...
ဘာဖြစ်တယ်...ကျွန်မကို သတ်ပေးပါ...
ရှင့်ကိုအမှုမပတ်စေရပါဘူး...ဟုတ်လား."

"ကိုကို....တော်ပါတော့...မီး မှားတယ်
နောက်မလုပ်တော့ဘူးလို့လဲ ကတိပေးထား
ပြီးပြီပဲကို..."

မှော် ခြေထောက်တွေကိုလှုပ်ခါလိုက်ရင်းမှ
ဆူးသစ်ကို ပြောသည်။
ဆူးသစ်က မှော့်ခေါင်းကိုတစ်ချက်လှမ်းခေါက်ကာ

"လူကြီးတွေ ဘယ်လောက်စိတ်ပူမလဲဆိုတာ
မတွေးဘူးလား...အခုသင်တန်းပြီးရင် ဘယ်မှာ
အလုပ်ဝင်မှာလဲ..."

"ဘယ်မှာဝင်ရမလဲ...ကိုကို့ company မှာပဲ
ဖေဖေက လုပ်ရမယ်တဲ့..."

"ဟင်း...လက်မခံပါဘူး...
ငါ့company ကမင်းလိုနမော်နမဲ့နိုင်တဲ့
ချာတိတ်မျိုးတွေအတွက် နေရာမရှိဘူး..."

ဆူးသစ် ဒိန်ချဥ်ခွက်ကို ယူကာ တစ်ငုံသောက်
လိုက်သည်။
မှော် ဆူးသစ်ကို မျက်စောင်းခဲ၍ ကြည့်နေပြီး
နောက် နှုတ်ခမ်းကိုကိုက်ထားသည်။

"ဒီကလဲ လုပ်ချင်လွန်းလို့
ဇီဇာကြောင်လွန်းတဲ့အဖွားကြီးရဲ့ company မှာ လုပ်မယ့်အစား တခြားcompany မှာပဲ အပင်ပန်းခံလိုက်တော့မယ်...ဟွန်း.."

"ဘယ်လုပ်ချင်မလဲ...လွတ်လွတ်လပ်လပ်
အလေမလိုက်ရမှာဆိုးလို့မဟုတ်လား..."

"ကိုကို..!!"

မှော် ဒိန်ချဥ်ကို ဇိမ်ခံသောက်နေသည့် ဆူးသစ်
ကိုကြည့်ကာ သူ့လက်မောင်းကို ကုန်းကိုက်လိုက်
တော့သည်။

"အား...
ကိုက်တယ်ကြည့်စမ်း...မင်းက ခွေးလား..."

မှော် ဆူးသစ်ရဲ့ လက်မောင်းကို ကိုက်ပြီး အိမ်ထဲ
ဝင်ပြေးတော့သည်။

"ကိုကိုက ကပ်သီးကပ်သပ်တွေလိုက်ပြောနေတာ
လေ အဲ့ဒါကြောင့် ကိုက်ပစ်တာ "

ဆူးသစ် သူ့လက်မောင်းကို ပွတ်၍ မှော့်ကို
လှည့်ကြည့်လိုက်သည်။
အိမ်ထဲကနေ သူ့ကိုလျှာထုတ်ပြောင်ပြနေသည့်
မှော့်ကိုတွေ့တော့ သတိထားနေဆိုသည့်ပုံနှင့်
လက်ညှိုးထောင်ပြလိုက်သည်။

ချာတိတ်(paid)Where stories live. Discover now