819 51 2
                                    

အခန်းတံခါးကိုပိတ်ပြီးသည်နှင့် တံခါးကိုမှီကာ
ထိုင်ချလိုက်သည်။
အခုန်မြန်နေသည့်ရင်ဘက်ကို လက်ဖြင့်ဖိထား
ရင်း မျက်လုံးကိုလဲ မှိတ်ထားမိပြန်သည်။
ကိုကိုက ဘာလုပ်ဖို့ကြိုးစားနေတာလဲ။
ကိုကို့အကြည့်တွေက မှော့်နှုတ်ခမ်းနားမှာ ဝဲနေခဲ့
တာ မှော်သတိထားမိသည်။
ကိုကို ဘာဖြစ်ချင်နေတာလဲ ။ သူ့ရင်ထဲမှာ မှော်နဲ့
ပက်သက်ပြီး ဘယ်လိုခံစားနေရလဲ။
မှော်ကကော...
ဘာလို့ ရင်တွေအခုန်မြန်နေခဲ့တာလဲ။ အထူးသဖြင့်
ကိုကို မှော့်ကိုနမ်းလိုက်သည့်အချိန်က မှော့်ကိုယ်ထဲ
ကသွေးတွေ ပြောင်းပြန်စီးဆင်းသွားသလို ခံစား
ခဲ့ရတာ။
ကိုကိုက...ကိုကိုက..မှော့်ကို ကစားဖို့ကြံနေတာလား။

...........

မနေ့ညက ကိုကို့ရဲ့အပြုမူကြောင့် မှော် ကိုကို့ကို
မျက်နှာချင်းမဆိုင်ရဲဖြစ်နေသည်။
ကိုကိုကတော့ ဘာမှမဖြစ်သလိုပင် မနက်စာ ထိုင်
စားနေလေရဲ့။
မှော် မနက်စာကိုတိတ်ဆိတ်စွာစားပြီး ပန်းကန်တွေ
ဆေးကာ ထမင်းစားခန်းထဲက ပြန်ထွက်ဖို့ပြင်ချိန်

"ချာတိတ်..."

ကိုကို့ခေါ်သံကြောင့် မှော် ခြေလှမ်းတွေ တုန့်ခနဲ
ဖြစ်သွားသည်။
နောက်သို့ ဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်တော့
ကိုကိုက ကော်ဖီခွက်ကိုကိုင်ထားရင်း ထိုင်ခုံမှာ
ခြေချိတ်ထိုင်နေရာမှ စားပွဲပေါ်က မှော့်ရဲ့ ဖုန်းကို
မေးငေါ့ပြသည်။
ထိုအခုမှ မှော် ဖုန်းကိုအပြေးသွားယူလိုက်တယ်။

"ဘာတွေစိတ်ကူးယဥ်နေလို့ ဖုန်းတောင်မေ့ကျန်ခဲ့
ရတာလဲ"

ကိုကိုကထိုင်နေရင်းမှ မျက်လုံးကိုအပေါ်ထောင့်ကပ်
ကာ မှော့်ကိုမော့ကြည့်ရင်းမေးသည်။

"ဘာ...ဘာမှ စိတ်ကူး...မ..မယဥ်...ပါ...ဘူး..
နော်.. "

ပြန်သာရန်တွေ့လိုက်ပေမယ့် စကားလုံးတွေက
အစီစဥ်မကျ။
အထစ်ထစ်အငေါ့ငေါ့နှင့် ဖြစ်နေသည်။
ကိုကိုက ထိုင်ရာမှ ထလာပြီး မှော့်ကို သူ့အရပ်
ရှည်ရှည်ကြီးနှင့်မိုးထားကာ

"ပါးစပ်ကိုသေချာမသုတ်ဘူး.. ကလေးလဲမဟုတ်
တော့ပဲ..အရမ်းညစ်ပတ်တယ်"

ချာတိတ်(paid)Where stories live. Discover now