831 73 6
                                    

ဧည့်ခန်းထဲ laptop တစ်လုံးကိုနှစ်ယောက်အတူ
ကြည့်ပြီး ရယ်လိုက် စကားတွေပြောလိုက်နှင့်
လုပ်နေကြသည့်နှစ်ယောက်ကြောင့် မှော် ထိုင်ရာက
ထလိုက်သည်။
မမရေချယ်က ကိုကို့ပခုံးပေါ်ခေါင်းမှီကာ ကိုကို့
လက်မောင်းတစ်ဖက်ကိုခဲ ဖက်တွယ်ထားသေး
သည်။
ဒီလိုနေပုံထိုင်ပုံကြောင့် သူတို့ကိုအတွဲလို့ တခြား
သူတွေထင်နေတာလဲ မမှားချေ။
ဒါမှမဟုတ် တကယ်လဲတွဲနေကြတာဖြစ်နိုင်တာပဲ။
ကိုကိုကသာ ဝန်မခံချင်လို့ မပြောတာလဲဖြစ်နိုင်
သည်။
ဒီပုံအတိုင်းဆို မမရေချယ်က ဒီည ဒီမှာအိပ်မည့်
သဘောရှိသည်။
ညဝတ်အင်္ကျီတောင်လဲဝတ်ပြီးပြီဆိုတော့ ။
မှော် ထထွက်လာတော့ ဆူးသစ်က laptop ကို
ကြည့်နေရာမှအကြည့်လွှဲကာ မှော့်ကို ကြည့်လိုက်
သည်။
မှော်က ဆူးသစ်ကို မျက်စောင်းတစ်ချက်ထိုးကာ
ဧည့်ခန်းထဲကထွက်လာခဲ့လိုက်သည်။

ကိုယ့်အခန်းထဲကိုယ်ပြန်လာခဲ့ပြီး ကိုရီးယားဒရာ
မာ စီးရီးတစ်ခုကို ကြည့်နေသည်။
အချိန်ဘယ်လောက်ကြာသွားသည်မသိ။

'ဒေါက်..ဒေါက်..'

အခန်းတံခါးခေါက်သံကြောင့် မှော် တံခါးဘက်ကို
ကျောခိုင်းပြီးလှဲနေရာက လည်ပြန်လှည့်ကြည့်
လိုက်သည်။
တံခါးခေါက်သံနှစ်ချက် ထပ်ထွက်လာသည်။
လှဲနေရာက ထကာ တံခါးသွားဖွင့်ပေးလိုက်သည်။
အခန်းတံခါးရှေ့ ခေါင်းအုံးပိုက်ပြီးရပ်နေတာက
ကိုကို။

"ဘာလဲ"

မှော် အလိုမကျတဲ့အသံနဲ့မေးတော့ ကိုကိုက
ခေါင်းအုံးကိုပိုက်ထားရင်းက မှော့်အခန်းထဲ
ဝင်လာပြီး တံခါးကိုပြန်ပိတ်လိုက်တယ်။

"လာအိပ်တာ..."

"ဟာ..ကိုကို့အခန်းမှာကိုကိုအိပ်လေ..
ဘာလို့မီးအခန်းကိုလာတာလဲ...မရဘူး...သွား.."

မှော်က ဆူးသစ်ကို ကုတင်ဆီသွားခွင့်မပြုပဲ
တံခါးဘက်ကိုပြန်တွန်းလွှတ်နေသည်။
ဆူးသစ်က လက်ထဲကခေါင်းအုံးကို ကုတင်ပေါ်
လှမ်းပစ်တင်လိုက်ပြီး

"ကိုကို့အခန်းမှာ ချယ်အိပ်မှာ
အဲ့တော့ ကိုကိုက ချာတိတ်နဲ့ဒီမှာတစ်ညအတူ
အိပ်မယ်...ကုတင်လဲအကျယ်ကြီးပဲကို..."

ချာတိတ်(paid)Where stories live. Discover now