863 53 2
                                    

ဆူးသစ် ကားသော့ကို စားပွဲပေါ်သို့ပစ်တင်ကာ
နောက်သို့လှည့်လိုက်သည်။
အခန်းထဲဝင်ဖို့ပြင်နေသည့် မှော့်ကို

"ခဏနေဦး ချာတိတ် "

"ဘာပြောဦးမလို့လဲ"

"မင်းကိုအိမ်မှာနေဖို့ပြောထားတယ်လေ
Nightout မထွက်ပါနဲ့ဆိုတာကို ထွက်ဖြစ်အောင်
ထွက်သေးတယ် ငါတို့ဘာပြောထားလဲ "

"မမရေချယ်ရဲ့မွေးနေ့ပွဲကိုသွားတာ အဲ့လောက်
အပြစ်ကြီးသွားလားကိုကို...
သူကတခြားသူလဲမဟုတ်ဘူး
ပြီးတော့ ကိုကို့လုပ်ရပ်က ဘယ်လောက်ထိ ရုပ်
ပေါက်တယ်ထင်လဲ
မွေးနေ့ရှင်ရှေ့မှာ မီးတို့ကို ဆူပူနေတာ
သူ့ကိုတစ်စက်လေးမှ အားမနာဘူးလား"

"ရေချယ်နဲ့ငါ့ကြားမှာ အားနာစရာကိစ္စဘာမှမရှိဘူး
ဆူစရာရှိရင်တော့ဆူရမှာပဲ
မင်းက ကတိပေးထားပြီး ကိုယ့်စကားကိုယ်မှ
မတည်တာ
တကယ်လို့ မွေးနေ့ကိုဖိတ်ထားတယ်ဆိုလဲ ငါ့ကို
ကြိုပြောပြီး ခွင့်ပြချက်တောင်းပေါ့"

"တောင်းတော့ကော ကိုကိုကပေးမှာမလို့လား
မသွားရဘူးလို့ပဲပြောမှာ"

"ရေချယ့်မွေးနေ့ဆိုရင်တော့ ငါကခေါ်သွားပေးလို့
ရတာပဲ"

"မီး ဆယ်ကျော်သက်လေးလဲမဟုတ်တော့ဘူးကိုကို
နေရာတကာ လိုက်ပြီးမချုပ်ချယ်ပါနဲ့"

"မချုပ်ချယ်လို့ရမလား
မင်းက ငါနဲ့အတူနေတာလေ ၊ မင်းတစ်ခုခုဖြစ်ရင်
ငါ့မှာတာဝန်ရှိတယ်ကွ ၊ လေးလေးနဲ့တီလေးကို
မျက်နှာပျက်စရာ မဖြစ်ချင်ဘူး "

"မီး ကိုယ့်ကိုယ်ကိုယ်ထိန်းနိုင်တယ် "

"တော်စမ်း မှော်ရေးပန်းချီ
ကိုယ့်ကိုယ်ကိုမထိန်းနိုင်လို့ပဲ မင်းဟိုတစ်ခါ
အမူးလွန်ပြီး ဖြစ်ချင်တိုင်းဖြစ်ခဲ့တာမဟုတ်လား"

"အဲ့ကိစ္စကိုဘယ်အချိန်ထိ အပြစ်မြင်နေဦးမှာလဲ
ကိုကို.. မီးကို နည်းနည်းလေးမှတောင် မယုံကြည်
ဘူးလား...အဲ့လိုအမှားမျိုး နောက်မလုပ်တော့ဘူး
လို့ ကိုကို့ကို မီး ကတိပေးထားပြီးသားလေ"

"ငါနဲ့နေရင်တော့ မင်း ငါ့စကားကိုနားထောင်ရလိမ့်
မယ်"

"ကိုကိုနဲ့အတူနေရအောင် မီး ဘက်က စပြောခဲ့
တာမဟုတ်ဘူး...ကိုကိုကသာ မီးကို တစ်ဖက်
သက် အကြပ်ကိုင်ပြီး အတင်းနေခိုင်းခဲ့တာ
မီးရဲ့ လွတ်လပ်ခွင့်တွေကို ပိတ်ပင်ဖို့ ကြိုးစားခဲ့
တာ ကိုကို့ကိုမုန်းတယ်"

ချာတိတ်(paid)Where stories live. Discover now