790 61 4
                                    

ကိုးနာရီကျော်မှ အလုပ်ကိုရောက်လာတဲ့ မှော်နှင့်
ဆူးသစ်ကို ဝန်ထမ်းတွေက အထူးအဆန်းနှင့်
လိုက်ကြည့်နေကြသည်။
ဆူးသစ်က ဘယ်သူ့ကိုမှဂရုမစိုက်ပဲ သူ့ရုံးခန်းထဲ
တန်းဝင်သွားသည်။
အဲ့ဒီ့တော့ အားလုံးရဲ့အကြည့်က သူမဆီသို့
ရောက်လာသည်။
မသိမသာတမျိုး သိသိသာသာတမျိုးနှင့် စပ်စု
နေကြသည့် လူတစ်စုကြောင့် မှော် နေရခက်နေ
သည်ကတော့အမှန်ပင်။

နေ့လည်ထမင်းစားချိန်ရောက်တော့ နောင်နှင့်
ဟန်နီက စပ်စုတော့သည်။

"ဟဲ့...ဒီနေ့ဘာလို့ရုံးနောက်ကျတာလဲ
PD ကဘယ်တော့မှ နောက်မကျဖူးပါဘူး"

"အေး...နင်တို့ရန်ဖြစ်ထားတာလား"

"မဖြစ်ပါဘူး "

မှော်က ထမင်းတစ်ဇွန်းစားလိုက်ပြီး ပြန်ဖြေသည်။
နောင်နဲ့ဟန်နီ တစ်ယောက်မျက်နှာတစ်ယောက်
ကြည့်လိုက်ကြပြီး နောင်က ကိုယ်ကိုရှေ့သို့အနည်း
ငယ်ကိုင်းကာဖြင့် မှော့်ကိုတီးတိုးမေးသည်။

"နင်နဲ့PD ကိုကြည့်ရတာ အခုရက်ပိုင်း နည်း
နည်းထူးဆန်းနေတယ်... "

ဟန်နီက ခေါင်းညိတ်ပြသည်။ မှော် ရေခွက်ကို
လှမ်းယူကာ ရေတစ်ငုံသောက်ပြီးနောက် လည်
ချောင်းရှင်းလိုက်ကာ မင်သေသေမျက်နှာထား
နှင့်

"ဘာကထူးဆန်းတာလဲ "

"ငါသတိထားမိနေတာ...
နင်ကလဲ PD ရှေ့ရောက်ရင် ပဲအရမ်းများလာ
သလိုပဲ ၊ ပြီးတော့ PD က လိုက်ကာစတွေတောင်
ချမထားတော့ဘူး သူ့ရုံးခန်းထဲကနေ နင့်ကို လှမ်း
လှမ်းကြည့်နေတာ ငါသတိထားပြီး စောင့်ကြည့်
နေလို့ သိတာ"

"ငါကတော့ နင်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးက
စတွေ့တုန်းကလိုမဟုတ်တော့ပဲ သမီးရည်းစား
အထာပြောင်းလာတယ်လို့ခံစားရတယ်"

"ဟုတ်ပ...ငါကောပဲ "

အရမ်းပွင့်လင်းပြီး
အရိပ်အကဲဖမ်းတော်သည့် သူငယ်ချင်းနှစ်ယောက်
ကြောင့် မှော် ချောင်ပိတ်မိနေပြီ။
ဒီနှစ်ယောက်ကြားက ဘယ်လိုရှောင်ထွက်ရမလဲ
လို့ အပူတပြင်း စဥ်းစားနေရပြီ။
နောင်နှင့်ဟန်နီက မှော့်ဆီကပြန်ရမည့် တုန့်ပြန်စကားကို စိတ်ဝင်တစားနှင့်စောင့်နေကြသည်။
မှော် ဒီနှစ်ယောက်ကို ဘယ်လိုလှိမ့်ရမလဲ စဥ်းစား
သည်။

ချာတိတ်(paid)Where stories live. Discover now