924 39 4
                                    


"ကိုကို..."

"အင်း.."

မှော် ဖုန်းသုံးနေရင်းမှ သီချင်းဆိုပြိုင်ပွဲကြည့်နေ
သော ဆူးသစ်ဘက်ကိုလှည့်ပြီး ခေါ်လိုက်သည်။
ဆူးသစ်က မှော့်ကိုလှည့်မကြည့်ပဲ တီဗွီကြည့်ရင်း
ပြန်ထူးသည်။

"မနက်ဖြန် အင်တာဗျူးမယ့်လူတွေထဲ
ကိုကိုပါလား "

"ဘာလုပ်မလို့လဲ "

"မေးခွန်းတောင်းမလို့ "

"မပါဘူး"

"ဟွန်း.."

မှော် အလိုမကျစွာနဲ့ နှာခေါင်းရှုံ့လိုက်သည်။
ကြော်ငြာလာတဲ့အချိန်ကျတော့ ဆူးသစ်က
မှော့်ကိုလှည့်ကြည့်ကာ

"ငါထုလိုက်ရ...
အကျင့်ကနော်...အဲ့အကျင့်မျိုးမကြိုက်ဘူး
ဖြတ်လမ်းကလိုက်ဖို့တွေးမနေနဲ့"

"မီးက သိချင်လို့မေးကြည့်တာပါနော်"

"မင်းအကြောင်းမသိရင်ခက်မယ်"

"အကျင့်ပုတ်လိုက်တာ"

မှော် တီးတိုးရေရွတ်ရင်း ဆိုဖာပေါ်ကဆင်းလိုက်
သည်။
ဆူးသစ်နောက်ကဖြတ်အသွား အနောက်ကနေ
ထုဟန်ရွယ်ပြီးနောက် သူမအခန်းထဲသို့ဝင်သွား
သည်။

...........

"မမှော်ရေးပန်းချီ"

"ရှိပါတယ် "

"အထဲဝင်ခဲ့နော်"

"ဟုတ်ကဲ့"

"မှော်...ဖိုက်တင်း.."

နောင်နှင့်ဟန်နီက သူမကိုအားပေးသည်။

"ဖိုက်တင်း.."

မှော် အဝတ်အစားတွေကို သပ်သပ်ရပ်ရပ်ဖြစ်အောင်ပြုပြင်ပြီးနောက် အင်တာဗျူးဖြေဖို့ အထဲသို့
ဝင်လာခဲ့သည်။
အခန်းထဲရောက်ရောက်ချင်း အင်တာဗျူးမည့်
လူတွေဆီအကြည့်ရောက်သွားသည်။
အမျိုးသမီးတစ်ယောက်နှင့်အမျိုးသားတစ်ယောက်
၏အလယ်၌ ခန့်ခန့်ကြီးထိုင်၍ ဖောင်စာရွက်တွေကို
ငုံ့ကြည့်နေသည့် ဆူးသစ်ကိုတွေ့တော့ မှော် နှုတ်ခမ်း
ကိုက်မိသွားသည်။

"ထိုင်ပါ "

"ဟုတ်ကဲ့"

မှော် သူတို့ရှေ့ ခပ်လှမ်းလှမ်းက ထိုင်ခုံမှာဝင်၍
ရိုရိုကျို့ကျို့လေးထိုင်လိုက်သည်။
ဆူးသစ်က အခုချိန်ထိ မှော့်ကို မော့မကြည့်သေး။
ဖောင်စာရွက်တွေကိုသာ အပြန်ပြန်အလှန်လှန်နှင့်
ကြည့်နေသည်။
ခဏကြာမှ။

ချာတိတ်(paid)Where stories live. Discover now