853 60 1
                                    

အစည်းဝေးခန်းမထဲက အပြေးတစ်ပိုင်းနှင့်ထွက်
လာသည့် မှော့်ကို အားလုံးက စိတ်ဝင်စားစွာနှင့်
လိုက်ကြည့်နေကြသည်။
မှော် ကိုယ့်အလုပ်စားပွဲကိုယ်ပြန်လာကာ ပစ္စည်း
တွေသိမ်းနေတာကြောင့် နောင်နှင့်ဟန်နီက သူမ
ဆီသို့ရောက်လာကြသည်။
နှစ်ယောက်သား စိတ်ပူပန်စွာနှင့်

"မှော်...ဘာဖြစ်လာတာလဲ...နင့်ကိုဆူလိုက်တာ
လား"

မှော် ခေါင်းတွင်တွင်ခါကာ အိတ်ထဲကို laptop
ထည့်ပြီးသည်နှင့် ဘယ်သူ့ကိုမှ ဘာစကားမှ
မပြောပဲ ထွက်လာခဲ့သည်။

"ဟယ်တော်...ဘာဖြစ်ကြတာလဲမသိဘူး "

"PD ကဆူလိုက်တာများလား"

"ဆူရအောင် မှော်က ဘာအမှားလုပ်ထားမိလို့လဲ"

"အေးနော်...ဘာမှလဲလုပ်မထားပါဘူး"

"ငါတို့မသိတာများလား"

"ဟင်း....အဲ့ဟာမလေးက ဘယ်ကိုသွားတာလဲ
မသိဘူး...စိတ်ရူးပေါက်ပြီး ပေါက်ကရတွေ
လျှောက်လုပ်ပြန်ရင်..."

ထိုအချိန်မှာပဲ အစည်းဝေးခန်းမ တံခါးပွင့်လာပြီး
ဆူးသစ်တစ်ယောက် ခြေလှမ်းကြဲတွေနဲ့ နောင်တို့
နားကို လျှောက်လာသည်။

"P..PD"

"ဘယ်သွားတာလဲ.."

"မ..မသိဘူး...
ပစ္စည်းတွေ သိမ်းသွားတယ် "

"ကျစ်...ဒီကလေးကတော့ "

ဆူးသစ် နဖူးကိုလက်နှင့်ပွတ်ကာ
လက်ပတ်နာရီကိုတစ်ချက် ငုံ့ကြည့်လိုက်တယ်။
သေချာပေါက် ဒီချာတိတ် အိမ်ကိုပြန်မှာတော့
မဟုတ်ဘူး။

"သူထွက်သွားတာကြာပြီလား"

"ငါးမိနစ်လောက်ပဲရှိဦးမယ်"

ဆူးသစ် ထိုနေရာက အပြေးလေးထွက်လာလိုက်
တယ်။
ဓာတ်လှေကားနဲ့ အောက်အထိဆင်းလာခဲ့ပြီး
မှော့်ကိုရှာတယ်။

Company ရှေ့မှာရပ်ပြီး Taxi တားနေတဲ့
မှော့်ကိုတွေ့တော့ သူမဆီ ပြေးသွားလိုက်တယ်။

လက်ကို ရုတ်တရပ် လှမ်းဆွဲခံလိုက်ရတာကြောင့်
မှော် လန့်ပြီးနောက်ကိုလှည့်ကြည့်လိုက်တယ်။
ကိုကိုက ပြေးလာရလို့ မောနေတဲ့ပုံနဲ့ မှော့်ကို
ငေးကြည့်နေတယ်။ ချက်ချင်းစကားမပြောနိုင်
သေးဘူး။
စည်းနှောင်မထားတဲ့ ဆံပင်နဲ့နဖူးဆက်မှာ ချွေး
လေးတွေစို့နေတယ်။
မှော် ကိုကို့လက်ကို ဖြုတ်ချလိုက်ပြီး

ချာတိတ်(paid)Where stories live. Discover now