၁၂

2.4K 118 7
                                    

"ကိုကို ခဏနေမှလိုက်လာခဲ့"

မှော် အဝတ်အစားတွေပြန်ဆွဲဆန့်ကာ ပြုပြင်လိုက်
ပြီး ကားထဲကအရင်ထွက်ဖို့ပြင်သည်။
ဆူးသစ်က တံခါးကိုလက်နှင့်ကာထားလိုက်ပြီး
မှော်ထွက်လို့မရအောင် လုပ်သည်။

"အာဘွားပေးဦးမှပေါ့..."

"အခုပဲပေးထားပြီးပြီကို...ဒီမှာနှုတ်ခမ်းနီတွေ
တောင်မရှိတော့ဘူး "

"ကိုကိုမဝသေးဘူး.."

"ကိုကိုနော်..အရမ်းကဲမလာနဲ့.."

"လာပါ...ခဏလောက်ပဲ.  "

ခဏကြာပြီးနောက် မှော် ဒုတိယအကြိမ်
အဝတ်တွေကို ပြန်ပြင်နေသည်။
ဆံပင်တွေကိုသေချာဖြီးသည်။
ဆူးသစ်က ကားထဲမှာဆောင်ထားသည့်နှုတ်ခမ်း
နီတောင့်ကို မှော့်ကိုပေးသည်။
မှော် နှုတ်ခမ်းနီပြန်ဆိုးကာ မှန်ထဲကည့်လိုက်ပြီးမှ

"ခဏနေမှလိုက်လာခဲ့နော် "

"အင်းပါ..သွား..
ငါးမိနစ်လောက်နေမှ ထွက်ခဲ့မယ်"

မှော် ကားထဲကအရင်ထွက်လာသည်။
ကားပါကင်ထဲကထွက်လာပြီး နံရံထောင့်ချိုးနား
အရောက် ဘွားခနဲတွေ့လိုက်ရသည့် နောင်နှင့်
ဟန်နီကြောင့်

"အမေ့...လန့်လိုက်တာ..."

"လာပါဦး...မေးစရာလေးရှိလို့"

နှစ်ယောက်အတင်းဆွဲခေါ်ရာနောက် မှော် ပါသွား
တော့သည်။

...........

မှော် ရာဇဝတ်သားတစ်ယောက်လို နောင်နှင့်ဟန်နီ့
ကို ရင်မဆိုင်ရဲပဲ ခေါင်းငုံ့ထားလေသည်။

"ဆိုပါဦး..ရှင်တို့နှစ်ယောက်ရဲ့ ​ကျိတ်ပုန်းခုတ်
နေတဲ့ ဇာတ်လမ်းလေးအကြောင်း..."

"ရှူး...ဘယ်လိုဖြစ်နေတာလဲ..သူများတွေကြား
ကုန်မယ်..."

မှော် ဘေးဘီဝဲယာကိုကြည့်ကာ နောင့်ကိုလေသံနှိမ့်
ဖို့ပြောလိုက်သည်။
နောင်က ခါးနှစ်ဖက်ထောက်၍ မှော့်နားကိုတိုးလာကာ

"အဲ့ဒါဆို PD လည်ပင်းက စုန်းကိုက်ရာက
နင့်လက်ချက်ပေါ့...ကောင်မ...မကြိုက်ဘူး
မကြိုက်ဘူးနဲ့..ကြိုက်များသာကြိုက်ရင် PD
တစ်ကိုယ်လုံးနင့်ဗိုက်ထဲရောက်နေလောက်ပြီ"

ချာတိတ်(paid)Where stories live. Discover now