PART 2

1.5K 138 37
                                    

[Unicode]_____________________

'ဘီ...ကို့ကိုချစ်တယ်...'

လက်ဖဝါးလေးတွေကိုအချင်းချင်းပွတ်သပ်ပြီး ရှက်သွေးဖြာနေခဲ့တယ်။

အဝတ်တစ်ပိုင်းတစ်စနဲ့ ဘရေယန်အိပ်ယာထဲက သူ။
ဘရေယန်က သူ့နှုတ်ခမ်းတွေကိုမွတ်သိပ်စွာနမ်းနေခဲ့တာ။

'အီတာလျံ‌လေး...ကိုယ့်ကိုဘာတွေနဲ့ပြုစားထားသလဲ'

ဘရေယန့်စကားမှာ သူက သဘောတကျနဲ့တခစ်ခစ်ရယ်လို့။

'ကိုယ့်ကိုလက်ထပ်မလားဘီ...ကိုယ့်အပိုင်ဖြစ်ပေးလေ'

သူ့ပါးကိုတဖွဖွနမ်းရင်းမေးတဲ့စကားမှာ သူကမျက်လွှာလေးချပြီး...

'အင်း'

သူ့ရဲ့ မျက်ခွံလေးတွေပေါ်ကိုဖိကပ်နမ်းတဲ့ ဘရေယန်..။ လည်ပင်းသားဖွေးမွတ်မွတ်ကို တပြွတ်ပြွတ်မြည်အောင်စုပ်ယူကိုက်ဆွဲရင်း အမှတ်အသားတွေ ဗရပွထင်ကျန်စေသေးတာ။ပထမဆုံးအကြိမ်မဟုတ်တော့ပေမယ့် ချစ်ရသူရဲ့အထိအတွေ့တွေကြား သူဟာ လွန့်လွန့်လူးလို့။

'ဘရေယန်...'

'ဗျာ'

'ဘရေယန်လို့'

'ဗျာလို့'

'ဂျွန်ဘရေယန်...'

'ပြောပါဗျ...'

ရွတ်နောက်နောက်နဲ့ပြန်ဖြေတဲ့ချစ်ရသူ။

'ဘီတို့မဝေးတော့ဘူးမလား...'

ရင်ခွင်ထဲတိုးဝင်ပြီး အရဲစွန့်လို့မေးလိုက်တယ်။

'ကိုယ့်မှာ မင်းတစ်ယောက်ထဲရှိတာပါ ဘေဘီ'

စိတ်ချလက်ချနဲ့ မျက်လုံးတွေကိုမှိတ်ပြီးထိုရင်ခွင်ထဲခိုဝင်အိပ်စက်ခဲ့တယ်။
တစ်ဖက်သတ်ဆန်သည့်ချစ်ခြင်းနှင့်  ကြင်နာခြင်းတို့ကြားမှာ မွေ့ပျော်နေခဲ့တယ်။

'လက်ထပ်ပွဲကိုနောက်ဆုတ်ကြမယ်ဘီ'

စိတ်ရှုပ်နေတဲ့မျက်နှာအနေအထားနဲ့ ကိုက သူ့ကိုတောင်မကြည့်ဘဲပြောလာတာ။

'ဝတ်စုံတောင်လာပို့သွားပြီလေ...'

'ကိုယ်ဘာဖြစ်နေလဲဆိုတာ မင်းမမေးတော့ဘူးလား...'

𝗟𝗢𝗩𝗘 𝗦𝗜𝗖𝗞 𝗚𝗢𝗟𝗗𝗘𝗡Where stories live. Discover now