PART 4

1.8K 159 97
                                    

[Unicode]_______________

"ထယ်က အိမ်ထောင်သည်"

သိနေနှင့်ပြီးသားမို့ ထိုစကားကရှေ့ဆက်တိုးမည့်ဂျောင်ကုအားနဲနဲလေးတောင်မှ အဟန့်အတားမဖြစ်စေတာကို ကင်မ်ထယ်ယောင်းမသိပါ။

"ဂျွန်ဂျောင်ကုနဲ့ဖောက်ပြန်ကြည့်ပါလား...ဒီကောင်က သိပ်ကောင်းတယ်"

စည်းမလွှတ်သည့်စကားအားမျက်နှာတည်တည်နဲ့ ပြောချလိုက်သည့်ဂျောင်ကု။ လက်တစ်ဖက်နဲ့ထယ်ယောင်းရဲ့ခါးကိုဆွဲပြီး သူ့အနားပိုကပ်စေသည်။ခုနကတည်းက ခပ်မျှင်းမျှင်းရရှိနေသည့်ရှန်ပိန်နံ့က တဖြည်းဖြည်းအရိုင်းဆန်လာ၏။

အခု ဂျောင်ကုက ထယ်ယောင်းကို သူနဲ့ ဖောက်ပြန်ဖို့ ရဲရဲတင်းတင်းသွေးဆောင်နေတာ။ခါတိုင်းလိုသာဆို ပေါ့ပေါ့တန်တန်သဘောထားပြီး ခေါင်းငြိမ့်မိမှာဆိုပေမယ့် အရှေ့ကတစ်ယောက်နဲ့ကျ ထယ်ယောင်း တွန့်ဆုတ်နေမိသလိုပင်။

ပြီးတော့ သူအိမ်ထောင်သည်ဆိုတာကို ဂျောင်ကုကမသိစရာအကြောင်းမရှိဘဲလေ။ ရယ်ဖို့ကောင်းတာတစ်ခုက ထယ်ယောင်းအနေနဲ့လဲ အိမ်ထောင်သည်ဆိုတဲ့ခေါင်းစဉ်ကြီးသုံးပြီး ဘယ်သူ့ကိုမှမငြင်းခဲ့ဖူးဘူး။ ဒါက ပထမဆုံးအကြိမ်ပဲ။

မသိရင် သူကဘရေယန်အပေါ်သစ္စာရှိနေတဲ့အိမ်ထောင်ဖက်ကောင်းတစ်ယောက်လို။နဲနဲတော့ ဟာသဖြစ်သွားတယ်မလား။

အရမ်းနီးကပ်နေတဲ့ ဂျောင်ကုကို တွန်းထုတ်ဖို့ လက်ပြင်လိုက်ပေမယ့် အဲဒီလက်က ဂျောင်ကုလက်ထဲမှာဖမ်းချုပ်ခြင်းခံလိုက်ရတယ်။

"ဒီအနေအထားကိုတစ်ယောက်ယောက်တွေ့သွားရင် မင်းအတွက်မကောင်းဘူးနော်ဂျောင်ကု"

မိမိကိုယ်မိမိ မကောင်းတဲ့သူ၊ အိမ်ထောင်ရေးဖောက်ပြန်တဲ့သူ အဖြစ်လက်သင့်ခံထားတဲ့အခြေအနေမှာ ဂျောင်ကုကိုသူနဲ့ ဒီလိုပတ်သက်လာမှာမျိုး စိတ်ထဲကမလိုလားဘူး ဖြစ်နေတာ။ ဂျောင်ကုနဲ့ကျမှ သူ့စိတ်တွေက ဘယ်လိုဖြစ်နေရတာလဲ။ဒါမှမဟုတ် သူ့ဘက်ကအစပျိုးခဲ့တဲ့ဒီလိုဆက်ဆံရေးတွေတိုင်းမှာ အဆုံးသတ်တိုင်းကအတူတူချည်းပဲမို့ ငြီးငွေ့လာတာများလား။

𝗟𝗢𝗩𝗘 𝗦𝗜𝗖𝗞 𝗚𝗢𝗟𝗗𝗘𝗡Where stories live. Discover now