PART 7

1.7K 145 32
                                    

[Unicode]
This episode will include mature words or scene.
You can skip this part.

____________________

စားပွဲပေါ်မှ ဖုန်းကို ချက်ချင်းကောက်ယူကာ ဝရန်တာဘက်ထွက်သွားတဲ့ ထယ်ယောင်းကြောင့် ဘရေယန်စိတ်ထဲ အောင့်သက်သက်ဖြစ်ကာ ကျန်နေခဲ့ရသည်။ဧည့်ခန်းနဲ့မှန်ချပ်များသာခြားထားပြီး လိုက်ကာမပိတ်ထားသဖြင့် ဝရံတာ၌ ရပ်ကာဖုန်းပြောနေသော ထယ်ယောင်းက ဘရေယန့် မြင်ကွင်းထဲ ရှင်းရှင်းလင်းလင်းပင်။

ခုနက ဖုန်း screen မှာပေါ်နေတဲ့ Contact name ကို မြင်လိုက်တဲ့အချိန် အထိတ်တလန့်ဖြစ်သွားတဲ့ ထယ်ယောင်းမျက်လုံးတွေကို ဘရေယန်သဘောမကျမိပါ။ သူ့ဇယားတွေထဲက တစ်ယောက်ဆိုလျှင်တောင် ဘရေယန့်အရှေ့မှာ အခုလိုမျိုး ဖြစ်ပျက်ပြဖို့မလိုဘူးမလား။

ပြီးတော့ Contact Name အထိပါ မှတ်ထားတဲ့ဆက်ဆံရေး၊ ညကြီးသန်းခေါင် လူအိပ်ချိန်မှ ဖုန်းဆက်ရတဲ့ဆက်ဆံရေး...။

"ကျစ်!"

ဘရေယန် စိတ်ထဲ ချက်ချင်းပင် ညစ်ညူးသွားရသည်။ တစ်စွန်း တစ်စ မြင်လိုက်ရသည့် contact name က 'Jeon'ဆိုတဲ့ရှေ့စကားလုံးဟာလဲ သူ့စိတ်ကိုခြောက်လှန့်နေ၏။

တစ်ဖက်မှ ထယ်ယောင်းသည်လည်း ညကြီးအချိန်မတော် ဖုန်းခေါ်လာသည့်သူကြောင့် အယောင်ယောင်အမှားမှားဖြစ်နေရသည်။ဂျောင်ကုက သူ့ခြေထောက်သက်သာရဲ့လားဆိုသည့်အကြောင်းကို ဖုန်းဆက်ပြီး တကူးတက လှမ်းမေးနေတာ။

'မနက်ဖြန် ဒေါက်တာပတ်ခ်ကို ထယ်ယောင်းဆီလွှတ်လိုက်မယ်'

"အဟင်း...သူလာနိုင်မှာမဟုတ်ဘူး"

သူတို့ရဲ့ Family Doctorကို ထယ်ယောင်းဆီပို့နေတဲ့ဂျောင်ကုက တစ်ကယ်ကို တစ်ဇွတ်ထိုး။ဒါပေမယ့် ဂျောင်ကုရဲ့အပြောအား ထယ်ယောင်းက ရယ်သံသဲ့သဲ့ဖြင့် ချက်ချင်းတန်းငြင်းသည်။

'ဘာလို့မလာနိုင်တာလဲ'

ဂျောင်ကုရဲ့ ထိုမေးခွန်းကိုတော့ ထယ်ယောင်းဖြေရခက်နေပါသည်။
ပတ်ဂျီမင်းက သေချာပေါက် ဒီည အကိုယွန်းဂီအိမ်ပါသွားလောက်ပြီ။

မနက်ဖြန် သူ့ကို လာကုဖို့နေနေသာသာ သူ့လူနဲ့သူ ပြန်ကုရမှာနဲ့တင် အားမှာမဟုတ်ဘူးလေ။ ထယ်ယောင်းခန့်မှန်းရရင် ဒီအချိန်တော့ အဲဒီနှစ်ယောက် သတ်နေကြလောက်ပါပြီ။

𝗟𝗢𝗩𝗘 𝗦𝗜𝗖𝗞 𝗚𝗢𝗟𝗗𝗘𝗡Where stories live. Discover now