PART 6

1.2K 120 36
                                    

[Unicode]_________________

ကင်မ်ထယ်ယောင်း မြို့နယ်ရဲစခန်း၌ ရောက်နေသည်မှာ တစ်နာရီနီးပါးရှိလေပြီ။ မိမိလုပ်သောအမှုမဟုတ်ပေမယ့်လဲ မိမိစီးလာသည့်ကား၏အမှုဆိုတော့ မလွှဲမရှောင်သာဘဲရဲစခန်းကိုပါလာရ၏။

ရဲစခန်းဆီခေါ်လာ၍သာ ပါလာရပေမယ့် ကင်မ်ထယ်ယောင်းတို့က ဘာမှဝင်ပြောစရာမလိုပါ။ကောင်တာအရှေ့ဘက်ခုံတန်း၌ထိုင်ကာ ရဲမေလှလှလေးများဝယ်ကျွေးသော ငါးအူချောင်းတို့ကိုသာ စိမ်ပြေနပြေဖြင့် အေးအေးလူလူစားလို့နေသည်။

ကားပိုင်ရှင်ပတ်ခ်ဂျီမင်းကသာ ရှေ့နေကိုပြေးဖုန်းဆက်ရ၊ကားအာမခံကိုပြေးဖုန်းဆက်ရ၊ သူ့အုပ်ထိန်းသူကိုပြေးဖုန်းဆက်ရနှင့် တစ်ယောက်တည်း ကမ္ဘာပျက်နေခြင်းဖြစ်သည်။ ပြော၍မရနိုင်။ ပတ်ခ်ဂျီမင်းက အခုတောင် သူ့ကိုမေ့ချင်မေ့နေမှာ။

အမှန်တစ်ကယ်လဲ ဂျီမင်းက ထယ်ယောင်းအား လုံးဝသတိမရပါ။ ကားပိုင်ရှင်ဆီက ရှေ့နေရောက်နေပြီး လိုတာထက်များတဲ့ လျှော်ကြေးကိုတောင်းနေတာမို့ တစ်ဖက်နစ်နာသူနှင့် ကတောက်ကဆဖြစ်နေရသည်။ မပေးနိုင်တာမဟုတ်ဘဲ ပတ်ခ်ဂျီမင်းက အဲလိုမတော်မတရားတွေနဲ့ဆို တမင်သက်သက်လက်ပေါက်ကပ်တာ။သူတောင်းတဲ့လျော်ကြေးက သူ့ Hyundai Tucson ရဲ့ ပိန့်သွားတဲ့ ကားရှေ့ပိုင်း ပြင်ဖို့စရိတ်လောက်မရှိပေမယ့်ပေါ့။

ပတ်ခ်ဂျီမင်းရဲ့ ခပ်လှောင်လှောင်ရယ်သံတွေကို တစ်ချက်တစ်ချက်ကြားနေရပုံထောက်ရင်တော့ ပတ်ခ်ဂျီမင်းတစ်ယောက် ဘယ်လောက်ဒေါသထွက်နေပြီလဲဆိုတာ ထယ်ယောင်းခန့်မှန်းမိပါသည်။ထို့ကြောင့် ထယ်ယောင်းကိုယ်တိုင်လဲ အသာလေးငြိမ်ကာနေနေမိခြင်းပင်။

တအောင့်အကြာမှာတော့ ရဲစခန်းထဲရောက်လာတဲ့လူနှစ်ယောက်။ 24နာရီ 7ရက်လုံး အလုပ်မအားဘူးဆိုတဲ့ သူ့အကိုဝမ်းကွဲကြီးကို အကောင်လိုက်တွေ့လိုက်ရတာမို့ ထယ်ယောင်းပါးစပ်ထဲ ထည့်ခါနီး ငါးအူချောင်းအားပြန်ထုတ်လိုက်ရသည်။ ဟိုဟိုဒီဒီကြည့်နေပြီး သူ့ဟာလေးကိုမြင်တော့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားသည်မှာ လွှားကနဲ...လွှားကနဲပင်။ ကောင်တာအရှေ့ကြီးငုတ်တုတ်ထိုင်နေသော ညီဖြစ်သူ သူ့ကိုပင်မမြင်နိုင်။

𝗟𝗢𝗩𝗘 𝗦𝗜𝗖𝗞 𝗚𝗢𝗟𝗗𝗘𝗡Where stories live. Discover now