PART 5

2K 158 59
                                    

[Unicode]_______________________________

"စောက်သုံးမကျတဲ့ မင်းလိုဂျွန်မျိုးရိုးနဲ့ အမျိုးတော်နေရတာ ငါရှက်တယ်ဘရေယန်... ပြီးတော့ ကင်မ်ထယ်ယောင်းကို ကွာရှင်းပြီးသူ့အနားကနေ ထွက်သွားပေးစမ်းပါ"

"ဂျီမင်း!"

ထယ်ယောင်းတစ်ကယ်ပင်ထိတ်လန့်ကာ ဂျီမင်းကိုအော်လိုက်မိသည်။ ဘရေယန်ကလဲ အကိုဖြစ်သူဆီကထွက်လာတဲ့စကားအား မယုံနိုင်စွာအံ့ဩတကြီးဖြင့်...။

"မင်းဘာတွေလျှောက်ပြောနေတာလဲ...ငါတို့ကဘာလို့ကွာရှင်းရမှာလဲ"

ကင်မ်ထယ်ယောင်းစဉ်းစားချိန်တောင်မရဘဲ ဂျီမင်းအား ထိုစကားကိုသာပြောကာ ဟန့်တားလိုက်သည်။ဂျီမင်းက သူ့ကိုကြည့်လာပြီး...

"မင်းကိုယ်မင်းရောသေချာပြန်မေးကြည့်ဦးဘေဘီ... မင်း ဘရေယန်ကိုမချစ်တော့ပါဘူး...သူနဲ့အတူလဲရှိမနေချင်တော့ဘူးလေ"

ထယ်ယောင်း ခေါင်းကို ခါယမ်းပစ်လိုက်ကာ....

"ငါကို့ကိုချစ်တယ်....အရင်ကရောအခုရော ငါက ကို့ကိုပဲချစ်တာ... "

"ဟက်!"

ဂျီမင်းက ဒေါသထွက်နေရင်းမှ ခပ်လှောင်လှောင်တစ်ချက်ရယ်သည်။

"အော...အဲတော့ငါကပဲလူဆိုးကောင်ကြီးဖြစ်သွားတာပေါ့ဟုတ်သလားဘေဘီ...ဟမ်..ပြောစမ်းပါဦး..."

ဂျီမင်းက ထယ်ယောင်းအားဆွဲလှုတ်ယမ်းကာပြောသည်။

"အကို ဘီ့ကိုအဲလိုမလုပ်နဲ့...အကိုအခုလွှတ်လိုက်..."

ဘရေယန်ကဂျီမင်းကိုလာဆွဲပေမယ့် ဂျီမင်းရဲ့လက်တွေက ထယ်ယောင်းလက်မောင်းထက် တုတ်ခိုင်စွာ။ ငွေ့ရည်တို့လဲ့နေတဲ့ပြာမှိုင်းသောမျက်ဝန်းတို့အား စူးစိုက်ကာကြည့်သည်။

ထယ်ယောင်းရဲ့မျက်ဝန်းတွေကပြောနေတဲ့ အမှန်တရားတစ်ခုကိုဂျီမင်းကမြင်နေတာမို့လေ။

"ဘေဘီနာနေပြီနော်အကို...ဘေဘီက နာကျင်တဲ့ဒဏ်မခံနိုင်တာသိရဲ့နဲ့..."

ဘရေယန်က ဂျီမင်းအား အားကုန်သုံးပြီးတွန်းလွှတ်သည်။ ပြီးသည်နှင့် ထယ်ယောင်းကို သူ့ရင်ခွင်ထဲဆွဲသွင်းကာ ပွေ့ဖက်ထား၏။ ဆွယ်တာအောက်မှလက်မောင်းတို့ကိုပွတ်ပေးရင်း အကိုဖြစ်သူအားနားမလည်စွာကြည့်လိုက်ကာ..

𝗟𝗢𝗩𝗘 𝗦𝗜𝗖𝗞 𝗚𝗢𝗟𝗗𝗘𝗡Where stories live. Discover now