Part 8

2K 126 30
                                    

[Unicode]_____________________

October 5, 8:16PM

ပြင်သစ်နိုင်ငံ၊ ပါရီ။

နေ့တစ်ဝက်ကျော်ကြာ လေယာဉ်စီးအပြီးမှာရောက်လာခဲ့တဲ့ ပါရီ။ခုနစ်နာရီနီးပါးအိပ်ထားပေမယ့် အမိနိုင်ငံနဲ့အချိန်ကွာဟမှုကြောင့်ရော ကြာရှည်တဲ့လေယာဉ်ချိန်ကြောင့်ပါ အခုထိတိုင် သူ့ခန္ဓာကိုယ်က ပင်ပန်းနွမ်းနယ်နေဆဲ။

*Ringing..*

ဗလာကျင်းနေတဲ့အပေါ်ပိုင်းကိုယ်က စောင်အဖြူကြားဟိုလှိမ့်ဒီလှိမ့်။ ကြားနေရတဲ့အသံစူးစူးကြောင့် မျက်မှောင်တို့ခပ်ကျုံ့ကျုံ့ဖြစ်သွားရတယ်။ တစ်ယောက်ယောက်က ဒီဖုန်းကိုလာပိတ်ပေးရင်ကောင်းမှာပဲ။

"Sh*t!....နဲနဲလောက်တော့အိပ်ပါရစေဦး"

ဗလုံးဗထွေးနဲ့စောင်ကို သူ့ခေါင်းဆီအမြန်အုပ်လိုက်ပေမယ့် အသံကသူ့နားထဲ ဆူဆူညံညံရောက်လာနေဆဲ။

"ဟာကွာ!"

ဝုန်းကနဲထထိုင်ကာ အိပ်ယာထဲကဖုန်းကိုချက်ချင်းကောက်ကိုင်လိုက်တယ်။ Contact name ကိုမြင်တော့မှ သူ့နဖူးကြောတွေကအနည်းငယ်ခပ်ပြေပြေဖြစ်သွားတာ။ဖုန်းကိုင်လိုက်တော့ ကြားလိုက်ရတဲ့ ပြင်သစ်သံဝဲဝဲနဲ့ အဂ်လိပ်စကားပြော...

'Johnson....မင်းအိပ်နေတုန်းလို့တော့မပြောနဲ့နော်ကောင်လေး...'

အိပ်ယာထစ နဖူးပေါ်မှ ဖရိုဖရဲဆံပင်တို့အား အပေါ်သပ်တင်ရင်း ခပ်အက်အက်ဖြစ်နေသောအသံဖြင့်...

"အင်း...ကျုပ်အခုလေးတင် ထလာတာ"

'ငါ့ဆီလာဖို့အစီအစဉ်ရှိသေးလား...ငါက မင်းကို မင်းအဖေဆီကနေ ကြောင်တောင်ကြီးဖြတ်ခုတ်ထားရတာနော်'

"Le Maris မှာမလား...ကျုပ်လာခဲ့မယ် 15 minutes ပဲစောင့်"

'Okay!..'

ဖုန်းမချခင် လက်ထဲရှိဖုန်းကို ဂျောင်ကုသေချာကြည့်မိသည်။

"ISO လား...ကျုပ်က Android ပဲကြိုက်တာကို..."

ဂျောင်ကု၏အပြောအား တစ်ဖက်မှလူက ခပ်ဟဟရယ်ကာ 'မင်းကဇီဇာကြောင်လွန်းတယ်'တဲ့။ထို့နောက်တော့ ဖုန်းချသွားသည်။ဖုန်းအား အိပ်ယာထဲပြန်ပစ်ထည့်ကာ ကုတင်ပေါ်မှဆင်းလိုက်၏။

𝗟𝗢𝗩𝗘 𝗦𝗜𝗖𝗞 𝗚𝗢𝗟𝗗𝗘𝗡Where stories live. Discover now