[Unicode]________
မှန်ပြတင်းဆီသို့ရိုက်ခတ်လာသည့်မိုးစက်တစ်ချို့ကြောင့် နှုတ်ခမ်းပါးတစ်စုံသည်အလိုမကျစွာတွန့်ချိုးသည်။အပြင်ပတ်ဝန်းကျင်သို့လှမ်းကြည့်သည့် မျက်ဝန်းများသည်ခပ်မှိုင်းမှိုင်း။
"ဟူး..ဒီမိုးကတော့! သွားခါနီးလာခါနီးဆိုအမြဲအဲ့လိုပဲ"
လက်ကောက်ဝတ်မှနာရီကိုတစ်ချက်ကြည့်ရင်း ညည်းညူမိပြန်သည်။ယူလာသည့် ရေချိုးခန်းသုံးပစ္စည်းတစ်ချို့ကို valiseထဲအစီအရီထည့်လိုက်ကာ ပစ္စည်းလိုမလိုသေချာပြန်စစ်နေမိသည်။
"မနက်စာအရင်လာစားလိုက်ပါလားထယ်..."
"ဟင့်အင်းဂျောင်ဂု...ထယ်မဆာဘူး"
ထမင်းဝိုင်း၌ထိုင်စောင့်ရင်း မနက်စာစားဖို့ခေါ်သည့်ဂျောင်ဂုရဲ့စကားကို သူဟာ တန်းငြင်းလိုက်မိသည့်ဖြစ်ခြင်း။အားနာစိတ်နဲ့အတူ ဂျောင်ဂုရှိရာဘက်လှည့်ကြည့်မိတော့ သူ့ကိုခပ်ငေးငေးလေးကြည့်နေသည်။မျက်နှာမပျက်ခင် အနားသို့သွားလိုက်ကာ...
"ဂျွန်စားလေ...ထယ် အနားမှာအဖော်လုပ်ပေးမယ်..."
စကားကိုပြန်ပြင်ပြောရင်း ဂျောင်ဂုရဲ့ဘေး၌ဝင်ထိုင်လိုက်သည်။ခေတ္တမျှနွမ်းလျသွားသည့်မျက်ဝန်းတစ်စုံသည် တဖြေးဖြေးတောက်ပလာခဲ့ပြန်သည်။
ထမင်းစားမယ်ဆိုပြီး သူ့ကိုသာတစ်စိုက်တစ်မတ်ငေးနေပြန်သည့်ဂျောင်ဂု။ဒီလူကတော့လေ....
"ရော့...ဒီဘက်ကဇွန်းကိုင်...ဒီဘက်ကခက်ရင်းကိုင်..ကဲ..စားလို့ရပါပြီ..."
ဂျောင်ဂုရဲ့လက်ဆီ ဇွန်းနဲ့ခက်ရင်းကိုကိုယ်တိုင်ထည့်ပေးရင်း ရွှတ်နောက်နောက်ပြောလေတော့ ဂျောင်ကုကပြုံးလာသည်။ထိုအပြုံးကိုမြင်လိုက်ရသည့်ခဏမှာ နွေးထွေးလုံခြုံသွားသည့်သူ့နှလုံးသား။ ဒီလူကိုရွေးချယ်ခဲ့လို့ နောင်တမရခဲ့ဘူး။ဒီလူကို သူကသိပ်ချစ်တာလေ...သိပ်ကိုချစ်တာ။
_______________Love Sick Golden ______________
Create by Jin's Jin Isle From BTS World
Novel by SawLwinYarA/N : love sick golden က Sweet Romance Only Fic ပါ။ ဒါပေမယ့် Plot ကတော့ လောင်ရမယ့် Plot မို့ Part 1ကိုဖတ်ပြီးတာနဲ့ သဘောမကျရင် Drop နိုင်ပါတယ်။ ဒါလေးကလဲ Coraline လို အပိုင်းတိုလေးပဲသွားမှာပါနော်။
[Zawgyi]________
မွန္ျပတင္းဆီသို႔႐ိုက္ခတ္လာသည့္မိုးစက္တစ္ခ်ိဳ႕ေၾကာင့္ ႏႈတ္ခမ္းပါးတစ္စုံသည္အလိုမက်စြာတြန႔္ခ်ိဳးသည္။အျပင္ပတ္ဝန္းက်င္သို႔လွမ္းၾကည့္သည့္ မ်က္ဝန္းမ်ားသည္ခပ္မႈိင္းမႈိင္း။
"ဟူး..ဒီမိုးကေတာ့! သြားခါနီးလာခါနီးဆိုအၿမဲအဲ့လိုပဲ"
လက္ေကာက္ဝတ္မွနာရီကိုတစ္ခ်က္ၾကည့္ရင္း ညည္းညဴမိျပန္သည္။ယူလာသည့္ ေရခ်ိဳးခန္းသုံးပစၥည္းတစ္ခ်ိဳ႕ကို valiseထဲအစီအရီထည့္လိုက္ကာ ပစၥည္းလိုမလိုေသခ်ာျပန္စစ္ေနမိသည္။
"မနက္စာအရင္လာစားလိုက္ပါလားထယ္..."
"ဟင့္အင္းေဂ်ာင္ဂု...ထယ္မဆာဘူး"
ထမင္းဝိုင္း၌ထိုင္ေစာင့္ရင္း မနက္စာစားဖို႔ေခၚသည့္ေဂ်ာင္ဂုရဲ႕စကားကို သူဟာ တန္းျငင္းလိုက္မိသည့္ျဖစ္ျခင္း။အားနာစိတ္နဲ႔အတူ ေဂ်ာင္ဂုရွိရာဘက္လွည့္ၾကည့္မိေတာ့ သူ႔ကိုခပ္ေငးေငးေလးၾကည့္ေနသည္။မ်က္ႏွာမပ်က္ခင္ အနားသို႔သြားလိုက္ကာ...
"ဂြၽန္စားေလ...ထယ္ အနားမွာအေဖာ္လုပ္ေပးမယ္..."
စကားကိုျပန္ျပင္ေျပာရင္း ေဂ်ာင္ဂုရဲ႕ေဘး၌ဝင္ထိုင္လိုက္သည္။ေခတၱမွ်ႏြမ္းလ်သြားသည့္မ်က္ဝန္းတစ္စုံသည္ တေျဖးေျဖးေတာက္ပလာခဲ့ျပန္သည္။
ထမင္းစားမယ္ဆိုၿပီး သူ႔ကိုသာတစ္စိုက္တစ္မတ္ေငးေနျပန္သည့္ေဂ်ာင္ဂု။ဒီလူကေတာ့ေလ....
"ေရာ့...ဒီဘက္ကဇြန္းကိုင္...ဒီဘက္ကခက္ရင္းကိုင္..ကဲ..စားလို႔ရပါၿပီ..."
ေဂ်ာင္ဂုရဲ႕လက္ဆီ ဇြန္းနဲ႔ခက္ရင္းကိုကိုယ္တိုင္ထည့္ေပးရင္း ႐ႊတ္ေနာက္ေနာက္ေျပာေလေတာ့ ေဂ်ာင္ကုကၿပဳံးလာသည္။ထိုအၿပဳံးကိုျမင္လိုက္ရသည့္ခဏမွာ ေႏြးေထြးလုံၿခဳံသြားသည့္သူ႔ႏွလုံးသား။ ဒီလူကိုေ႐ြးခ်ယ္ခဲ့လို႔ ေနာင္တမရခဲ့ဘူး။ဒီလူကို သူကသိပ္ခ်စ္တာေလ...သိပ္ကိုခ်စ္တာ။
_______________Love Sick Golden ______________
Create by Jin's Jin Isle From BTS World
Novel by SawLwinYarA/N : love sick golden က Sweet Romance Only Fic ပါ။ ဒါေပမယ့္ Plot ကေတာ့ ေလာင္ရမယ့္ Plot မို႔ Part 1ကိုဖတ္ၿပီးတာနဲ႔ သေဘာမက်ရင္ Drop ႏိုင္ပါတယ္။ ဒါေလးကလဲ Coraline လို အပိုင္းတိုေလးပဲသြားမွာပါေနာ္။
YOU ARE READING
𝗟𝗢𝗩𝗘 𝗦𝗜𝗖𝗞 𝗚𝗢𝗟𝗗𝗘𝗡
Fanfiction'ထယ်ယောင်း...မင်းက ကိုယ့်ကို ငရဲသွားဖို့လမ်းပြပေးမယ့် စေတမန်ဖြစ်လောက်တယ်' _OST_ 𝐃𝐚𝐲𝐥𝐢𝐠𝐡𝐭 by Taylor Swift, 𝐄𝐧𝐜𝐡𝐚𝐧𝐭𝐞𝐝 by Taylor Swift, 𝐃𝐨𝐮𝐛𝐥𝐞 𝐓𝐚𝐤𝐞 by Dhruv 𝐀 𝐏𝐨𝐞𝐦 𝐓𝐢𝐭𝐥𝐞 𝐋𝐢𝐤𝐞 𝐘𝐨𝐮 by Taeyeon, 𝐅𝐫𝐢𝐞𝐧𝐝...