PART 3

1.8K 164 72
                                    

[Unicode]______________

All I can say is, I was enchanted to meet you...
မင်းကိုတွေ့လိုက်ရတာ ကိုယ့်ကိုမှော်ပညာနဲ့ပြုစားလိုက်သလိုပဲ...

This night is sparkling...
ဒီညလေးက တလက်လက်တောက်ပနေတယ်....

Don't you let it go...
မင်းလက်မလွှတ်လိုက်ပါနဲ့....

I wonder struck, blushing all the way home....
အိမ်အပြန်လမ်းမှာ ကိုယ်ရှက်သွေးဖြာနေတာကို အံ့ဩမိတယ်....

အိမ်ပြန်လာတဲ့လမ်းတစ်လျှောက်လုံး သူ့ကိုနမ်းသွားတဲ့ကောင်လေးအကြောင်းသာတွေးနေမိသည်။ သူ့ထက်ငယ်လို့သာ ကောင်လေးလို့ကင်ပွန်းတပ်နေပေမယ့် သူက ကိုယ့်ကို leading လုပ်သွားခဲ့တဲ့သူ။

ပြီးတော့ အရင်တစ်ပတ်က Fan meeting နေ့မှာ တွေ့ခဲ့တဲ့လူနဲ့ အခု ကောင်လေးနဲ့ကတစ်ယောက်တည်းဆိုတာ သူ့အတွက်မယုံကြည်နိုင်စရာဖြစ်နေတယ်။ ဒီနေ့လိုမျိုး တက္ကသိုလ်ကျောင်းသားပုံစံမဟုတ်ဘဲ အဲဒီနေ့ကများ နဲနဲလူကြီးဆန်တဲ့ပုံစံပေါက်နေသလားလို့လေ။

"ငါ့ကိုများ ထယ်တဲ့...သူနဲ့ရွယ်တူလိုခေါ်သွားတာပဲ..."

မကျေမချမ်းဖြင့်တစ်ယောက်တည်းရေရွတ်မိသည့်သူ့အား အကိုယောင်းရှစ်က လှည့်ကြည့်သည်။ မကျေနပ်သည့်လေသံသာထွက်နေပေမယ့်နှုတ်ခမ်းတွေကပြုံးနေတာမဟုတ်လား။

"မနက်ဖြန် Night scene ရှိတယ်နော်ထယ်ယောင်း..."

"ဟင်..."

ဘယ်ကဘယ်လိုပေါ်လာမှန်းမသိတဲ့အလုပ်ကြောင့် ကြည်လင်နေတဲ့စိတ်လေးညည်းညူသွားရသည်။

"ပြန်ရောက်တာနဲ့ ဘာမှမတွေးဘဲတန်းအိပ်တော့..."

"ကျွန်တော်တွေးချင်ရင်တွေးမှာပဲလေ...ကျွန်တော့်စိတ်နဲ့ကျွန်တော်ပဲ လာကန့်သတ်မနေနဲ့..."

မျက်နှာအားရှုံ့မဲ့ပြလိုက်တော့ ပါးမှဒဏ်ရာကနာလာသည်။ဆေးလူးထားသည့်ပါးအားလက်လေးဖြင့်အသာအုပ်ကိုင်ကာ စူပုတ်နေမိတော့၏။

"ခွေးပိုင်ရှင်ကောင်လေးက လိပ်စာကတ်ပေးသွားတယ်...မသက်သာရင်ဆက်သွယ်ပေးပါတဲ့"

အကိုယောင်းရှစ်က ရွှေရောင်လိပ်စာကတ်အား သူမြင်သာအောင်ပြရုံသာပြပြီးနောက် သူ့အိတ်ထဲပြန်ထည့်သွားသည်။ ထယ်ယောင်း ဇယားရှုပ်မှာကိုစိုးလို့ကြိုတင်ပြီး ကာကွယ်သည့်သဘောဖြင့် ကတ်အားမပေးတာသိသာလွန်းလှ၏။

𝗟𝗢𝗩𝗘 𝗦𝗜𝗖𝗞 𝗚𝗢𝗟𝗗𝗘𝗡Where stories live. Discover now