[Unicode]_____________________________
September 18,
တောင်ကိုးရီးနိုင်ငံ၊ ဆိုးလ်မြို့။ဆောင်းဦး။
လမ်းတစ်ဖက်တစ်ချက် ပေါက်ရောက်နေသော မေပယ်ပင်တို့ဆီမှ တဖြုတ်ဖြုတ်ကြွေကျနေသည့်သစ်ရွက်တွေ။ရွက်ကြွေများကြောင့် လမ်းငယ်လေးဟာ နီရဲရဲအသွင်သို့ကူးပြောင်းလုလု။ထွက်ပြုစနေ၏ရောင်ခြည်အား ကျောပေးလျက် ဆေးရုံဝင်းအရှေ့မှ ပန်းခြံအတွင်း အေးအေးလူလူလမ်းလျှောက်လာနေသည့် သက်လတ်ပိုင်းအရွယ် ကောင်လေးနှစ်ယောက်။"အဲ့ဒီတော့ မင်းဘက်ကဘယ်လိုစဉ်းစားထားသလဲ"
ထိုအထဲမှ အဖြူရောင် Duty coat နဲ့ ဒေါက်တာဖြစ်ဟန်ရသည့် တစ်ယောက်က ဘေးမှ ကောင်လေးကိုမေးသည်။
သူ့ထံသက်ရောက်သည့်အမေးစကားတစ်ခုကို မျက်နှာလေးလွှဲလျက် မသိကျိုးကျွံပြုသည့်ကောင်လေး။ကြွေကျလာသည့်မေပယ်ရွက်ကိုလက်ဆန့်ကာဖမ်းလိုက်ပေမယ့်လဲ မမိ။ထိုကောင်လေးစိတ်ပျက်ရပြန်သည်။
"မင်းရဲ့အေဂျင်စီဘက်ကမျက်နှာပျက်လောက်တယ်မလား...နော်..ဟုတ်တယ်မလား"
ဇွတ်တရွတ်ကိုမေးနေတဲ့တစ်ယောက်သောသူရဲ့အမေးစကားကြောင့်သက်ပြင်းချလိုက်မိသောသူ။လက်ထဲမှ အငွေ့တစ်ထောင်းထောင်းထနေသော ကော်ဖီထည့်ထားသည့်ဖော့ခွက်အား အသာညစ်နေမိသေး၏။
"ဟင်း...သေချာပေါက် ငါအဲလိုမလုပ်ပါဘူးဂျီမင်း...ငါ့ကိုထပ်မမေးစမ်းပါနဲ့"
"မလုပ်တာတော့ဟုတ်ပါပြီ...မင်းတစ်ကယ်ပဲ အဲလို ဆိုးဆိုးဝါးဝါးကြီးငြင်းလိုက်မှာလား...မင်းပြောပုံအရဆို မင်းရဲ့အေဂျင်စီဘက်က မင်းကိုတကူးတက လမ်းဖွင့်ပေးတာလေ"
ဂျီမင်းဘက်မျက်စောင်းပြေပြေပေးမိတယ်။ အလိုက်ကမ်းဆိုးမသိတဲ့ crush စုတ်၊ crush နာက သူ့ကို Dating တော်တော်ထွက်စေချင်နေတာ။ ငါကတစ်ခြားသူနဲ့ dating မထွက်ချင်ဘူး မင်းနဲ့ ပဲDating ထွက်ချင်တာသေနာကောင်ရဲ့ဟု သူ့စိတ်ထဲမှအကြိမ်ကြိမ်အော်ဆဲမိပြီးသား။
"ငါ့ကိုတစ်ခြားနည်းနဲ့ supportလို့ရရဲ့သားနဲ့ ဒီလိုနည်းလမ်းကြီးထုတ်သုံးတာကတော့ ခံပြင်းဖို့ကောင်းလွန်းတယ်...တစ်ဖက်က သူဌေးက Entertainment ရဲ့ ရှယ်ယာအများဆုံးသူဌေးဆိုတိုင်း ငါကသွား date ရမှာလား... Entertainment ကငါ့ကိုရောင်းစားချင်နေတာ...တစ်ကယ်ပဲ တွေးရင်းနဲ့စိတ်တိုလွန်းလို့ PD ကို မြေမြှုပ်ပစ်လိုက်ချင်တယ်"
YOU ARE READING
𝗟𝗢𝗩𝗘 𝗦𝗜𝗖𝗞 𝗚𝗢𝗟𝗗𝗘𝗡
Fanfiction'ထယ်ယောင်း...မင်းက ကိုယ့်ကို ငရဲသွားဖို့လမ်းပြပေးမယ့် စေတမန်ဖြစ်လောက်တယ်' _OST_ 𝐃𝐚𝐲𝐥𝐢𝐠𝐡𝐭 by Taylor Swift, 𝐄𝐧𝐜𝐡𝐚𝐧𝐭𝐞𝐝 by Taylor Swift, 𝐃𝐨𝐮𝐛𝐥𝐞 𝐓𝐚𝐤𝐞 by Dhruv 𝐀 𝐏𝐨𝐞𝐦 𝐓𝐢𝐭𝐥𝐞 𝐋𝐢𝐤𝐞 𝐘𝐨𝐮 by Taeyeon, 𝐅𝐫𝐢𝐞𝐧𝐝...