အမှာစာ 🌹

862 60 30
                                    

# Unicode #

Rose & Thorn fic လေးကို စရေးဖြစ်တဲ့ အကြောင်းလေးက တယ်လီက သဲရဲ့ ချန်လ်နယ် မှာ သူငယ်ချင်းတွေ စကား ပြောဖြစ်ကြရင်း သူတို့ ဖတ်ချင်တဲ့ ပုံစံလေးတွေ သဲကို ပြောပြကြပါတယ်..

အကုန်လုံး ပြောကြတဲ့ character လေးတွေက ကောင်းတာထက်ကိုနေပါတယ်

ပုံစံမျိုးစုံမို့ စဉ်းစာရခက်နေတုန်း မမက နှင်းဆီပန်းအိုး ဝယ်လာတာတွေ့တော့ နှင်းဆီ ပန်းနဲ့ပတ်သတ်ပြီး ရေးကြည့်ကင် ကောင်းမယ် အတွေးဝင်မိတယ်.. အများနဲ့မတူ ထူးခြားတဲ့ ဇာတ်အိမ်လေးလည်း ဖြစ်ချင်တာမို့ သူငယ်ချင်းတွေပြောတဲ့ type လေးတွေကို စဉ်းစားမိတော့  သူငယ်ချင်းတစ်ယောက်တောင်းဆိုတဲ့ ကချေသည်နဲ့ ဘုရင် ဇာတ်လမ်းကို သဲ သတိရသွားမိတယ် ...

အဲ့ဒါနဲ့ဘဲ ဒီ fic လေး စရေးမိတာပါ..

ရေးထားတာကတော့ ဖေဖော်ဝါရီလတည်းကပါ .. တစ်နေ့ နည်းနည်းဆီ ရေးထားတာပါ.. လူဆိုးလေးကိုလည်း ရေးနေရတဲ့အချိန်မို့ ဒီ ဇာတ်လမ်းလေးကို အားမှရေးခဲ့တာပါ...

ဒီကြားထဲ မျက်လုံးအခြေနေကြောင့် အပိုင်းတိုလေး ဖြစ်ပေမဲ့ ဇာတ်သိမ်းထိ မပြီးသေးတာပါ..
ကျန်တဲ့သူတွေလည်း စိတ်မကောင်း မဖြစ်ပါနဲ့နော် အချိန်ကြာတာက လွှဲရင် အကုန်လုံးတောင်းဆိုတဲ့ ပုံစံမျိုးလေး ‌တစ်ခုချင်းရေးပေးမှာပါ..🤍

အခုတော့.. ဇာတ်လမ်းလေးအကြောင်း ပြောပြမယ်နော်....🌹🌹

ပထမဦးဆုံး အနေနဲ့ နှင်းဆီပန်း နဲ့ သူ့ရဲ့ ဆူး လေးတွေအကြောင်း ပီပီသသ ရေးချင်တာမို့ Tittle ကို အထွေအထူး မလုပ်တော့ဘဲ Rose & Thorn ( နှင်းဆီ နဲ့ ဆူး ) ဆိုပြီး ပေးခဲ့တာပါ..

စရေးမည်ဆိုတော့ ရှေးခတ်ပုံစံလေး သွားချင်တာမို့.. ရောမခတ်ပုံစံကို နမူနာ ယူထားပေမဲ့ အချိနိကာ လ တွက်ဆ ကြည့်ရင် ရောမခတ် မတိုင်ခင်က ကာလကို စိတ်ကူးယဉ် ရေးထားတာပါ..

ဂရိ ယဉ်ကျေးမှုအနည်းငယ်ကို ပေါင်းစပ်ထားပြီး စိတ်ကူးယဉ်ဖန်တီးထားတာမို့ လိုအပ်ချက်တွေရှိမှာပါ..

ဇာတ်ကောင်နာမည်တွေကိုလည်း အမြဲသုံးနေကြ နာမည်လေးတွေမဟုတ်ဘဲ ထူးခြားချင်တာမို့ သေချာ စဉ်းစားပြီး ရွေးချယ်ခဲ့ပါတယ်.. တိုင်းပြည် နာမည် ဘုရင်.. အစေခံ.. နေရာ.. စတဲ့ နာမ လေးတွေက အစ သေချာ စဉ်းစားခဲ့တာပါ..

Rose & Thorn Where stories live. Discover now