# Unicode #
" ရောက်ပါပြီ.. သခင်လေး အီယန်.. "
နှစ်ရက်ကြာအောင်.. အချိန်ယူသွားရတဲ့ ဗစ်တာဇူး နိုင်ငံ ဖီးနစ် ရွှေတိုင်းပြည်ဆီသို့ မနက် ဝေလီဝေလင်း အချိန်မှ ရောက်လာတာပြီးရထားလုံးတွင်း ရှိသည့်သူ့ကို အသိပေးအကြောင်းကြားလာတာမို့.. အီယန် အပြင်ထွက်ဖို့ပြင်လိုက်သည်။
နှင်းစက်ကဲ့သို့ ဖြူဖွေးကာ နှင်းဆီနီ ပွင့်ဖတ် ကဲ့သို့ နီမြန်း နေတဲ့ ခြေဖဝါးလေးတွေကြား ညှပ်စီးထားသည့် တန်ဖိုး အသင့်အတင့်ရှိတဲ့ ဖိနပ်တစ်ရံနဲ့အတူ မြေပြင်ပေါ် ကြွကြွ လေး ဆင်းလာပုံက အကြည့် မလွှဲချင်စရာအတိ!
" မနက် အာရုဏ်တက်ချိန် ကျော်တာနဲ့ တိုင်းပြည်ထဲ ဝင်ဖို့ပြင်ပါ.. အခုတော့ အသင်တို့လည်း ပင်ပန်းမှာပေါ့.. ခဏ တဖြု့တ် နားနေကြလေ.."
သူအမိန့်ပေးလိုက်တော့ခေါင်းညွတ်အရိုသေ ပေးပြီး ထွက်သွားကြတဲ့ သူတွေ ..
အခု အီယန်တို့ရောက်နေတာက ဗစ်တာဇူးနိုင်ငံ ဖီးနစ် တစ်ပြည် တစ်ခုလုံးကို ထင်ထင်ရှားရှား မြင်နိုင်တဲ့ မြို့အဝင်ဝက တောင်ကုန်း တစ်ခုပေါ်မှာပင်။
မနက် လေးချက်တီး.. အချိန်ရှိနေလောက်ပြီမို့ အသူရိန် နေမင်းရဲ့ ရောင်ဖြာတန်းလေးတွေဖြင့် မိုးသားကောင်းကင် တစ်ခွင်ကို ရွှေညိုရောင်သန်းစေတာမို့ မမှိန်မလင်း ကောင်းကင်ယံကြောင့် မိုးထိလုမတက် အဆောက်အုံတွေနဲ့ ခမ်းနားထည်ဝါလွန်းတဲ့ မျက်စိ တစ်ဆုံး မက ကျယ်ဝန်းလှသည့် ဗစ်တာဇူး နိုင်ငံရဲ့ အလှက ခမ်းနား ထည်ဝါလွန်းပေသည်။
အဖြူရောင် ဝတ်ရုံလွှာလေးဖြင့် ကျောလယ်ခန့် ဆံသားတွေကို လွတ်လပ်စွာ ချထားသည့် ပုံရိပ်ငယ်လေးက မျက်စိရှေ့က ခမ်းနားလွန်းတဲ့ မြင်ကွင်းကို တမေ့တမော ငေးမော ကြည့်ရှုနေလေ၏။
**အကျွန်ုပ်ကို အရာရာ ရင်ဆိုင်ရဲတဲ့ သတ္တိ ပေး သနားပါ ဘုရားသခင် ...**
စိတ်ထဲကနေ မိမိကိုးကိုယ်ရာ လနတ်ဘုရားကို တိုင်တည်ရင်း မနက်ခင်းကို အစပြုမိလေသည်။
~
~
~
" ဒီမယ်.. မိတ်ဆွေတို့ နတ်ပြည်က နတ်မိမယ်လေးတွေလို ကပြဖျော်ဖြေတာ ကြည့်ချင်သလား.. အဲ့ဆို ကျွန်ုပ်တို့ရဲ့ ကချေသည်လေး ဂျွန်ရိုစ့်အီယန် ရဲ့ အက အလှကို ကြည့်သွားဗျာ.. နတ်မိမယ်တွေထက် အဆတစ်သောင်းမက ပိုလှတယ်ဗျ.."
YOU ARE READING
Rose & Thorn
Short Storyလှပတဲ့ နှင်းဆီပန်းတွေက သူ့တို့ရဲ့ အလှကြောင့် လူတွေရဲ့ ခြွေယူခြင်းကို ခုခံနိုင်မှုမရှိဘဲ အလွယ်တကူ ခံယူရတယ်.. အကယ်၍ နှင်းဆီပန်းလေးတွေမှာသာ ဆူးချွန်လေးတွေ ရှိခဲ့မယ်ဆိုရင်.. ကာကွယ်နိုင်မယ်ထင်တယ် ရိုစ့်.. ကိုယ်သာ.. ရိုစ် ဆိုတဲ့ နှင်းဆီလေးရဲ့ ဆူးချွန် ဖြစ...