Rose & Thorn ( Final )🌹

474 42 32
                                    

# Unicode #

" ကိုယ်တော် ပြောဖူးတယ်‌ ဂျွန်! အသင်သာ ပြန်မလာဘူးဆိုရင်တောင်  ကိုယ်တော်က အသင့်ဆီ မှာ လိုက်ပြီး တွယ်ကပ်နေမှာလို့! .. သင့် နောက်ကို ကိုယ်တော် လိုက်ခဲ့မယ် ဂျွန်.."

ဝတ်ရုံတော်ထဲ သိမ်းဆည်းထားတဲ့ ဓားတို တစ်ချောင်းကို ထုတ်ကာ ချစ်ရသူရဲ့ မျက်နှာကို တစိမ့်စိမ့်ကြည့်ရင်း ဖီးဘတ်စ် အပြုံးကြီး ပြုံးလိုက်မိ၏။

ထို့နောက် လက်ထဲက ဓားတိုနဲ့ နှလုံးအိမ် တည့်တည့်ကို ထိုးစိုက်လိုက်လေသည်။

" အာ့!  "

ခပ်တိုးတိုး ညီးသံနဲ့ အတူ စီးကျလာတဲ့ သွေးတွေ....

သို့သော် မျက်နှာမပျက်ဘဲ အပြုံးဝေစွာဖြင့် အီယန့်ရဲ့ လက်တစ်ဖက်ကို ဆုပ်ကိုင်ရင်း..

" ဂျွန် ပြောခဲ့ဖူးသလို.. ကိုယ်တော့် အရိပ်အောက်မှာ မရှိတဲ့ နှင်းဆီတွေကို ဘယ်လို ကာကွယ်လို့ရမှာလဲတဲ့.. အဟက်! ဂျွန့်ရဲ့ စကားက မှန်လိုက်တာ ဂျွန်.. ကိုယ်တော့်ရဲ့ အရိပ် အောက်မှု မရှိတဲ့ ကိုယ်တော် မြတ်နိုးတဲ့ နှင်းဆီငယ်ကို ကိုယ်တော် မကာကွယ်နိုင်ခဲ့ဘူး အချစ်ရာ..."

" ဂျွန်သာ နှင်းဆီလေးဆိုရင် ဂျွန့်ကို အမြဲ ကာကွယ်နိုင်ဖို့ ကိုယ်တော် ဆု..ဆုတောင်းမယ် ဂျွန်.. ဘယ်လို အခြေနေမျိုးနဲ့မှကိုယ်တော်တို့ကို ခွဲခြားလို့မရအောင် ကိုယ်တော် ကြိုးစားမယ် ဂျွန်.. "

ငြိမ်သက်စွာ အသက်ကင်းမဲ့နေတဲ့ ကိုယ်လူံလေးကို ခပ်တင်းတင်းဖက်ကာ စကားတွေ ရေရွတ်ပြောနေတဲ့ ကင်မ်က နာကျင်နေပေမဲ့ ချစ်ရသူနဲ့ နီးစပ်ရတော့မှာမို့ ပျော်ရွှင်နေမိသည်။

"  ဂျွန် အတွက် နှင်းဆီ တွေကို ကာကွယ်ဖို့ ကိုယ်တော့်ရဲ့.. နှလုံးသွေးနဲ့.. အာ့! တိုင်တည်ပြီး.. ကျိန်ဆိုမယ်.. ဂျွန်.. ! "

မိမိရဲ့ ဝဲဘတ်ရင်အုံက စီးကျလာတဲ့ သွေးတွေကို ယူပြီး ဂျွန့်ရဲ့ သွေးထွက်‌နေတဲ့ လက်ဖမိုးကို အုပ်ကိုင်ကာ...

" ကမ္ဘာဦးစတည်းက နတ်ဘုရားတို့ ဖန်တီးတဲ့ လှပလွန်းတဲ့ နှင်းဆီတွေက အများရဲ့ ခြွေယူဖျက်ဆီးမှုကို ကာကွယ်နိုင်စွမ်းမရှိဘဲ အလွယ်တကူ ခံစားရတယ်.. အလှတရားက အကောင်းဆုံး အန္တရာယ်ဆိုတာ နတ်ဘုရားတို့ မေ့လျော့နေသည်ထင်ပ!! "

Rose & Thorn Where stories live. Discover now