Rose & Thorn ( 8 ) 🌹

379 34 20
                                    

# Unicode #

" လွှတ်! ကျွန်ုပ်ကို အခု လွှတ်ပေးလို့.. "

အီယန် ရုန်းကန်နေပေမဲ့ တဏှာ စိတ်ကြီးနေသူက အီယန်ကို အနီရောင် နှင်းဆီ ပွင့်ဖတ်တွေကြဲထားတဲ့ ကုတင်ပေါ် ပစ်ချကာ အုပ်မိုးလာ၏။

" မရုန်းနဲ့!  အီယန်လေး.. ကျွန်ုပ် မြန်မြန်ပြီးရင် သင် ကင်မ်ဖီးဘတ်စ် ဆီ မြန်မြန်ရောက်မယ်.. ကျွန်ုပ် သိချင်စမ်းပါရဲ့ ကင်မ်ဖီးဘတ်စ်ရဲ့ ဖြစ်ပျက် နေမဲ့ မျက်နှာကိူ.! ဟား ဟားးး  "

" ဘုန်း! ဘုန်း! "

" လွှတ်စမ်း.. လူယုတ်မာ.. တဏှာ ကောင်! ဘုန်း! "

အားကူန်သုံးလို့ ခီရာလန် ဘုရင်ရဲ့ ရင်ဘတ်တွေ မျက်နှာတွေကို ဆွဲကုတ်ရိုက်နေတဲ့ အီယန်..ယောကျာ်သား ဖြစ်ပါရဲ့ တစ်စိမ်း ‌ယောကျာ်းတစ်ယောက်ရဲ့ ဗလက္ကာရ ပြုမှုကို ခံနေရတဲ့ အီယန် အဖြစ်က ဆိုးရွားလွန်းသည်။

" အာ့! "

တစ်ချက်! အီယန်က ခုနက ခီရာလန် ဘုရင် ပစ်ခွဲလိုက်တဲ့ သေရည်အိုး အစ တစ်စက အိပ်ရာပေါ် တင်ကျန်နေခဲ့တာမို့ ထို မြေအိုးအစနဲ့ ခီရာလန် ဘုရင်ကိူ ထိုးဖို့ ကြံလိုက်ပေမဲ့ ရှောင်နိုင်သူကြောင့် ပါးပြင်မှာ ခြစ်ရာထင်ကာ သွေးတွေ ထွက်လာတဲ့ တစ်ချက်! ခီရာလန် ဘုရင်ရဲ့ မျက်နှာဟာ ဒေါသတွေကြောင့် ကြမ်းကြုတ်လာသည်။

" တောက်စ်!  ကျွန်ုပ်  ငြိမ်ခံနေလို့ အသင်က ဂျိုကြွ နေတာဘဲ !!  ကျွန်ုပ် အသားကိူ ထိခိုက်အောင်လုပ်တဲ့ သင့်လက် လှလှလေးတွေကို အပြစ်ပေးရမယ်..ဟက် ! "

ထို့နောက်မှာတော့ အက်ဒိုရာ နီဟာမတ်က သူ့ ကိုယ်နဲ့ မကွာ ဆောင်ထားတဲ့ ဓားမြှောင် အသေးလေးကို ခါးကြားထဲမှ ထုတ်ယူလိုက်သည်။

အီယန်ကတော့ ထိတ်လန့်နေတဲ့ မျက်နှာနဲ့အတူ ခီရာလန် ဘုရင့်ကို ကြည့်နေမိ၏။

" အာ့! အားးး အရှင်.... အားးး "

ထို အခိုက်အတန့်ဝယ် နန်းဆောင်အတွင်း အီယန်ရဲ့ နာနာကျင်ကျင်အော်သံက ပျံ့နှံ့လာလေသည်။လက်ဖဝါး နှစ်ဖက်လုံးကို ဓားဖြင့် ထိုးစိုက်ခံလိုက်ရတာမို့ မျက်ရည်များကြသည်အထိ အီယန် အော်ဟစ် ငိုနေမိ၏။

Rose & Thorn Where stories live. Discover now