# Unicode #
" မသင့်တော်ပါဘူး .. အရှင်.. ကျွန်ုပ်ကို ကြင်ယာတော် မြောက်မဲ့ ကိစ္စကို ပြန်လည်ရုတ်သိမ်းသင့်ပါတယ်.. "
ကြင်ယာတော် ရာထူးကို အသည်းအသန် ငြင်းနေသူကြောင့် ကင်မ်ဖီးဘတ် အလိုမကျစွာ မျက်မှောင်ကျုံ့ထားမိလေသည်။
" မရုတ်သိမ်း နိုင်ဘူး ဂျွန်! သင့်တော်၏ မသင့်တော်၏ တွေ ထည့်မတွေးနဲ့ ဂျွန်.. ဂျွန် တွေးရမှာက ကိုယ်တော့် လက်ကို တွဲပြီး အနာဂတ်မှာ ပေါင်းဖက်ဖို့ဘဲ "
အီယန့်ရဲ့ လက်ဖမိုး အစုံကို ယူရဲ့ နမ်းရှိူက်ကာ ပြောလာသူကြောင့် အီယန် မျက်ရည်ခိုးဝေ ရတော့၏။
အီယန် အရှင့်ကို မေတ္တာ သက်ဝင်နေသည်မှာ နက်နက်ရှိုင်းရှိုင်းပေမဲ့ အရှင့်ကိုသာ မေတ္တာ သက်ဝင်ကြောင်း ပွင့်လင်းစွာ ဝန်ခံလိုက်လျှင် ခီရာလန် ဘုရင်ရဲ့ အကြံက သေချာပေါက် အောင်မြင်လိမ့်မည်။ နောက်ဆက်တွဲ အကျိုးဆက်က အရှင်နဲ့ အီယန် သေချာပေါက် ဝေးကွာရမည်..
" အရှင်ရယ်.. ကျွန်ုပ်လေ.. ကျွန်ုပ် ကြောက်ရွံ့မိတယ်.. "
တိုးတိတ်စွာ ထွက်ဆိုလာတဲ့ စကားအဆုံး.. အီယန်ရဲ့ ကိုယ်လုံးလေးက အရှင့်ရဲ့ ရင်ခွင်တွင်း သက်ဆင်းသွားရသည်။
" ဘာကိုမှ မကြောက်ရဘူး ဂျွန်! မင်းအနားမှာ ကိုယ်တော်ရှိတယ်.. ကိုယ်တော့်ရဲ့ လက်ကို ဆုပ်ကိုင်ပြီး ကိုယ်တော့်ရဲ့ နောက်ကျောမှာ နေပါ ဂျွန်.. ကိုယ်တော် ရှေ့ကနေ မားမားရပ်ပြီး အသင့်ကို အသက်နဲ့ထပ်တူ ကာကွယ်ပေးပါ့မယ်.. သင်သာ ကိုယ်တော့်ကို ယုံကြည်ပေးပါ.."
ရင်ခွင်တွင်းက ကိုယ်လုံး နွေးနွေးလေးကို ပွေ့ဖက်ရင်း စကားဆိုမိတော့ ကင်မ်ဖီးဘတ်စ် ရဲ့ ကျောပြင်ကို ပြန်လည်ယှက်တွယ်လာတဲ့ လက်တွေက ကင်မ်ဖီးဘတ်စ်ရဲ့ ထူထူအိအိ နှုတ်ခမ်းညို တစ်စုံကို အလှပဆုံး တွန့်ချိုးစေလေ၏။
" ကျွန်ုပ် သင့်ကို ယုံကြည်တယ် အရှင်.. ကျွန်ုပ် သင့်လက်ကို တွဲပြီး အရာရာကို ရင်ဆိုင်မယ်.. ကျွန်ုပ်ကို သင့်ရင်ခွင်မှာ မှေးစက်ခွင့်ပြုပါ အရှင်.."
YOU ARE READING
Rose & Thorn
Short Storyလှပတဲ့ နှင်းဆီပန်းတွေက သူ့တို့ရဲ့ အလှကြောင့် လူတွေရဲ့ ခြွေယူခြင်းကို ခုခံနိုင်မှုမရှိဘဲ အလွယ်တကူ ခံယူရတယ်.. အကယ်၍ နှင်းဆီပန်းလေးတွေမှာသာ ဆူးချွန်လေးတွေ ရှိခဲ့မယ်ဆိုရင်.. ကာကွယ်နိုင်မယ်ထင်တယ် ရိုစ့်.. ကိုယ်သာ.. ရိုစ် ဆိုတဲ့ နှင်းဆီလေးရဲ့ ဆူးချွန် ဖြစ...