Rose & Thorn ( 5 ) 🌹

345 47 56
                                    

# Unicode #

" ကချေသည် အီယန်က သင်ဘဲပေါ့.. ဟုတ်လား ဂျွန်..."

နှစ်ဦးသားက လွဲလို့ လူမရှိသည့် ခန်းမထဲ ကင်မ့်ရဲ့ အသံက ပီပြင်စွာ ထွက်ပေါ်လို့လာသည်။

" ဟုတ်ပါတယ် အရှင်! ကျွန်ုပ်က ကချေသည်တစ်ဦးပါ.. အများသူငှာကို စိတ်ကျေနပ်အောင် ဖျော်ဖြေပြီးမှ ရတဲ့ အခငွေနဲ့ အသက်မွေးရတဲ့ ကချေသည် ပါ.. အရှင်.."

တိုးညှင်းစွာ ထွက်ပေါ်လာတဲ့ အသံလေးကြောင့် ကင်မ်ဖီးဘတ်စ် ပြုံးလိုက်မိသည်။

" ကိုယ်တော် တစ်ယောက်တည်းရဲ့ ကချေသည် လေး လုပ်မလား ဂျွန်... ကိုယ်တော့် နှလုံးသား သံစဉ်တွေနဲ့အတူ ကပြဖျော်ဖြေရတဲ့ ကချေသည်လေး ဖြစ်ချင်လား နှင်းဆီငယ်.."

မထင်မှတ်ထားတဲ့ စကားလုံးတွေကို ပြောလာတဲ့ အရှင့်ရဲ့ မျက်နှာတော်က ပြုံးနေတာမို့ အီယန်တစ်ယောက် အယောင်ယောင် အမှားမှားဖြင့် ခေါင်းငြိမ့်မိသည်။

" လာ! ကိုယ်တော့် နောက်လိုက်ခဲ့.."

ချက်ချင်းပင် ဂျွန်ရိုစ့် အီယန် လေးရဲ့ လက်ဖဝါး သေးသေးလေးကို ဆုပ်ကိုင်လာတဲ့ ကင်မ်ဖီးဘတ် အိုင်ဗွီ ရဲ့ လက်ဖဝါးပြင်ကျယ်ကြီးတွေ..

ပြေးမယောင် ခြေလှမ်းတွေဖြင့် ခေါ်ဆောင်သွားသည့် အရှင့်ကြောင့် မပြေးရုံတမယ် လိုက်ပါလာရသည့် ဂျွန်ရိုစ့် လေးရဲ့ ခြေလှမ်းလေးတွေကြောင့် လမ်းတစ်လျှောက် ခြူသံ လွင်လွင်လေးတွေ ထွက်ပေါ်လာတော့သည်။

မနက်က တွေ့ဆုံသည့် နှင်းဆီဥယျာဉ်သို့ ရောက်ရှိသည့်အခါမှာတော့ ကင်မ်ဖီးဘတ်ရဲ့ ခြေလှမ်းတွေက ရပ်တန့်သွားလေ၏။မနက်ပိုင်းမှာလည်း လှပသည့် ဂါမဏီ ဥယျာဉ်က ညဉ့်အခါမှာလဲ ထွန်းထားသည့် ဆီမီးရောင်တွေကြောင့် အလှသွေးကြွယ်လို့နေ၏။

" လှလိုက်တာ အရှင်.. ရောင်စုံ နှင်းဆီတို့က အချိန်မရွေးလှပနေတော့တာဘဲနော်.."

" ဟုတ်တယ် !  သင်လိုပေါ့.. ဂျွန်..! "

ပန်းခင်းကြီးကိုကြည့်ရင်း ပြောနေတဲ့ အီယန့် စကားကို ပြန်လည်တုံ့ပြန်လာတဲ့ အရှင့်ကြောင့် အီယန်ရဲ့ အကြည့်တွေက အရှင့်ဆီဝဲပျံလို့လာ၏။

Rose & Thorn Where stories live. Discover now