# Unicode #
မိမိ့ ကို မြင်တော့ လှုပ်ရှားမှုတွေရပ်တန့်ကုန်ကာ တအံ့တဩနဲ့ ကြည့်လာတဲ့ နှင်းဆီငယ်.... အမှန်ဘဲပေါ့! ကင်မ်မြတ်နိုးရတဲ့ နှင်းဆီပန်းလေးတွေလို နူးညံ့လှပလွန်းတဲ့ ထိုလူသားငယ်ကို တိတ်တခိုးလေး နာမည်ကင်ပွန်း တပ်မိသည်က မြတ်နိုးရာ နှင်းဆီငယ်လေးပင်။
ကင်မ်နဲ့ မျက်နှာချင်းဆိုင် ဖြစ်နေသည်မို့ မြင်ရတဲ့ မျက်နှာနုနုလေးကို တမြတ်တနိုးနဲ့ကို နှလုံးသား မြင်လွှာထဲဝယ် ထာဝရ မမေ့ပျောက်အောက် မှတ်သားယူမိတော့သည်။
တစ်သက်မှာ ဒီတစ်ခါဘဲ တွေ့ဖူးတဲ့ အသက်ဝင်လွန်းကာ လှပလွန်းတဲ့ တဖျတ်ဖျတ်တောက်ပနေသော မျက်ဝန်း နက်နက်တွေ .. ဝိုင်းဝိုင်းပြည့်ပြည့် မျက်နှာလေးထက်က ပါးဖောင်းလေးတွေ.. သွယ်စင်းသယောင်နဲ့ အနားသတ် လုံးဝန်းသွားတဲ့ နှာတံ လုံးလုံးလေး.. ပန်းရောင် နှင်းဆီဖူးငုံလေးလို လှပသည့် နှုတ်ခမ်းသားဖူးဖူးလေးနဲ့ အောက်ခမ်း တည့်တည့်က မှဲ့နက်လေးက မြင်ဖူးသမျှ ဣတိယ အလှတွေထက်ကျော်လွန်နေသည်။
သွယ်လျလျနဲ့ အနေတော်အရပ်ရှိသည့် ထိုလူသားက ဝတ်ထားသည့်အဖြူရောင်ဝတ်ရုံလွှာလေးနဲ့အပြိုင် ဖြူဝင်းသည့်အသားရည်ကိုလည်း ပိုင်ဆိုင်ထား၏။
လုံလောက်တာထက်ပိုပါသည်။ အမှန်တကယ်ကို လုံလောက်တာထက်ပိုတာပါ။ ကင်မ်ဖီးဘတ်စ် ရဲ့ နှလုံးသား ဦးညွတ်ဖို့ လုံလောက်တာထက် ပိုလွန်းနေပါပြီ။ နတ်ဘုရားတွေက ကင်ဖီးဘတ်စ်ရဲ့ နှလုံးသားကို လှုပ်ကိုင်နိုင်တဲ့သူကို မမွေးဖွားစေခဲ့ပေမဲ့ ကင်မ်ဖီးဘတ်စ်ရဲ့ နှလုံးသားကိုတော့ မွေးဖွားစေခဲ့သည်ထင်ပ။
ကိုင်လှုပ်ခံရမဲ့ နှလုံးသား က အဝေးရောက်နေတော့ နတ်ဘုရားတွေက မစွမ်းဆောင်နိုင်။ အခုတော့ ဖီးဘတ်စ်ရဲ့ နှလုံးသားလေးက လူသားအသွင်ဖြင့် ဖီးဘတ်စ်ရှေ့ကို ရောက်လို့နေပြီ...နတ်ဘုရားတွေရဲ့ ကင်မ်ဖီးဘတ်ရဲ့ အချစ်ရေးပေါ် ဖန်တီးပေးမှုက ဆန်းကြယ်လွန်းသည်။သို့သော် ထိုဆန်းကြယ်မှုကိုပင် ကင်မ်ဖီးဘတ်စ်က ကျေနပ်နေမိ၏။
🌹
🌹
အီယန်ရဲ့ ကြိုးစားမှုမမည်တဲ့ ကြိုးစားမှုကြောင့် နန်းတော်က ပွဲခမ်းနားစီစဉ်သူကိုယ်တိုင်ကပင် အီယန်လေးရှိသည့် နေရာသို့ရောက်ကာ နန်းတော်တွင်းကပြဖို့ အခပေး ငှားရမ်လာသည်မို့ အစ်ကိုတော်ရဲ့ လူယုံတွေဖြစ်သည့် တီးမှုတ် ပညာရှင်တို့ရဲ့ မျက်နှာက ဝင်းလဲ့သွားသည်။
YOU ARE READING
Rose & Thorn
Short Storyလှပတဲ့ နှင်းဆီပန်းတွေက သူ့တို့ရဲ့ အလှကြောင့် လူတွေရဲ့ ခြွေယူခြင်းကို ခုခံနိုင်မှုမရှိဘဲ အလွယ်တကူ ခံယူရတယ်.. အကယ်၍ နှင်းဆီပန်းလေးတွေမှာသာ ဆူးချွန်လေးတွေ ရှိခဲ့မယ်ဆိုရင်.. ကာကွယ်နိုင်မယ်ထင်တယ် ရိုစ့်.. ကိုယ်သာ.. ရိုစ် ဆိုတဲ့ နှင်းဆီလေးရဲ့ ဆူးချွန် ဖြစ...