# Unicode #
ဤ fic ပါ အကြောင်းအရာများနှင့် ဇာတ်ကောင်များသည် စာရေးသူရဲ့ အတွေးနှင့် စိတ်ကူးယဉ်မှုများသာ ဖြစ်သည်။မြို့နာမည်နဲ့ ဇာတ်ကောင် နာမည်.. များက စာရေးသူရဲ့ ဖန်တီးမှုများသာဖြစ်၏။
🌹
🌹
🌹သင်တို့ သိပါသလား.. လွန်ခဲ့သော နှစ်ပေါင်း များစွာခန့်က နှင်းဆီပန်းပင်တွေက ဆူးမရှိခဲ့ဘူး ဆိုတာကိုပေါ့...!
အဟွန်း~.. အရမ်းဘဲ အံ့ဩသွားသလား.. အမှန်ပါဘဲ! ကမ္ဘာဦးအစတည်းက နှင်းဆီ ပင်တွေက ဆူး မရှိခဲ့ပါဘူး.. ! အင်းး ~.. ထို အဖြစ်အပျက် မတိုင်ခင်အထိပေါ့..
ထိုအဖြစ်အပျက်လေးက ယခုအချိန်ထိ လူတွေရဲ့.. နှုတ်ဖျားမှာ.. ပုံစံအမျိုးမျိုးနဲ့ တည်ရှိနေတယ်.. ဘယ်လိုမျိုးလဲဆိုရင်.. မိခင်တွေက ကလေးငယ်တွေကို ချော့သိပ်တဲ့ အိပ်ရာဝင် ပုံပြင် တစ်ပုဒ် အနေနဲ့..
ချစ်သူတွေကြားမှာ အရမ်းကို အသက်ဝင်လွန်းတဲ့.. ရာဇဝင် အချစ်ဇာတ်လမ်းလေး တစ်ပုဒ် အနေနဲ့...
အင်းး နောက်တစ်ခုကတော့.. နှင်းဆီ ပန်း နဲ့ ဆူး ရဲ့ ဒဏ္ဍာရီ.. တစ်ခု အနေနဲ့.. စသဖြင့်.. လူတွေက ခေါင်းစဉ်တစ်ခုကို အမှီပြုပြီး.. ပြောနေကြပေမဲ့.. သူတို့ပါးစပ်ဖျားက ဇာတ်လမ်းလေးကတော့ တစ်ပုဒ်တည်းပါဘဲ...
နှစ်ထောင်ပေါင်းများစွာ.. ကြာညောင်းခဲ့ပြီမို့.. အချို့လူတွေက ယုံတမ်းပုံပြင်တစ်ပုဒ်အနေနဲ့ ယုံကြည်ကြပေမဲ့.. တစ်ချိူ့ လူအများစုကတော့.. တကယ့်အဖြစ်အပျက်အဖြစ်.. သတ်မှတ်ကြ၏။
ဘယ်လိုဘဲ.. ဖြစ်ဖြစ်.. ထိုဇာတ်လမ်းလေးကတော့ တကယ့် အဖြစ်အပျက်အဖြစ်..ဂျောင်ဟိုဆော့ ဆိုတဲ့ ကျွန်ူပ်ကတော့ နှလုံးသွင်းမိသည်။လူသားနှစ်ဦးရဲ့ အချစ်ကို ကိုယ်စားပြုတဲ့ နှင်းဆီနီ တွေကို မြင်တိုင်း.. ထို ဇာတ်လမ်းလေးကို သတိရမိ၏။
နှင်းဆီပန်း နဲ့ ဆူး.. ဆူး နဲ့ နှင်းဆီပန်း.. လိုက်ဖက်တဲ့ အရာတွေအဖြစ် တွဲမြင်မိပါတော့သည်။ မခွဲ ဘဲ အတူရှိနေသည့်.. ဆူးနဲ့ နှင်းဆီ....
အခုတော့.. ဘာကြောင့် လှပလွန်းတဲ့ နှင်းဆီတွေက အဆိပ်ပြင်းပြီး ချွန်မြတဲ့ ဆူးတွေ ရှိလာတာလဲ ..ဆိုတာ ကိုယ်တိုင်သာ ဖတ်ကြည့်ပါတော့ဗျာ..
YOU ARE READING
Rose & Thorn
Short Storyလှပတဲ့ နှင်းဆီပန်းတွေက သူ့တို့ရဲ့ အလှကြောင့် လူတွေရဲ့ ခြွေယူခြင်းကို ခုခံနိုင်မှုမရှိဘဲ အလွယ်တကူ ခံယူရတယ်.. အကယ်၍ နှင်းဆီပန်းလေးတွေမှာသာ ဆူးချွန်လေးတွေ ရှိခဲ့မယ်ဆိုရင်.. ကာကွယ်နိုင်မယ်ထင်တယ် ရိုစ့်.. ကိုယ်သာ.. ရိုစ် ဆိုတဲ့ နှင်းဆီလေးရဲ့ ဆူးချွန် ဖြစ...