Rose & Thorn ( 2 ) 🌹

350 47 21
                                    

# Unicode #

" အစ်ကိုတော်..ကျွန်ူပ် ခန့်မှန်းရသလိုဆို.. အရှင်ကင်မ်ဖီးဘတ်စ်က လူကောင်းတစ်ယောက်ပါ.. ရက်စက်တတ်တာက လွှဲလို့ပေါ့.."

လွန်ခဲ့တဲ့ တစ်ပတ်ကျော်က မြင်ကွင်း တစ်ချို့ကို ပြန်လည်မြင်ယောင်ပြီး ပြောလာတဲ့ ထိုလူသားက အတွေးများနေပုံရ၏။မဟူရာကျောက်သဖွယ် တဖျတ်ဖျတ်တောက်ပနေတဲ့ မျက်ဝန်းနက်တို့က ပကတိငြိမ်သက်ကာ  ဦးတည်ရာ မဲ့နေပုံ..

" အဲ့တော့ အသင်က မလုပ်ချင်ဘူးဆိုတဲ့ သဘောလား!! "

မျက်နှာထားတည်တည်နဲ့ ပြောလာတဲ့ အစ်ကိုကြောင့် ဖြူလွလွ လူသားလေးက အနည်းငယ် မျက်နှာပျက်ယွင်းသွားသည်။ကျောလယ်မရောက်တရောက် ဆံနွယ်ရှည်တွေက လေအဝှေ့မှာ ယိမ်းနွဲ့သွားပုံက အဖြူရောင်ပုံရိပ်လေးကို ကဗျာဆန်စွာ လှပစေသော်လည်း ထိုလူသားလေးရင်ထဲမှာတော့ ဝေခွဲရခက်နေလို့ မလှမပ ဖြစ်နေတာ ထိုလူသားလေးသာ အသိ..

" ............ "

" ဂျွန် ရိုစ့် အီ ယန် ! ! "

တိတ်တဆိတ် ခေါင်းငုံ့နေတဲ့ လူသားလေးကို ‌ဒေါသတကြီး နာမည် ခေါ်လာတာမို့ ကိုယ်လုံးလေးက တုန်လှုပ်သွားဟန်ပင်။ကြောက်ရွံ့နေတဲ့ပုံစံလေးကတောင် နုဖက်ပြီး လှရက်နိုင်လွန်းသည်။

အမှန်ဘဲပေါ့.. ဂျွန်ရိုစ့်အီယန်က ခီရာလန်.. နိုင်ငံရဲ့ အလှထိပ်ခေါင်တစ်ပါးပေါ့.. ယောကျာ်းလေးပေမဲ့.. ပန်းတစ်ပွင့်လို နူးညံ့ကာ ဝိုင်တစ်ခွက်လို ယစ်မူးဖွယ်ကောင်းပြီး.. အလှနတ်ဘုရား ဗီးနပ်စ် ရဲ့ သားတော်လို့ တင်စား ရလောက်အောင်.. ဂျွန်ရိုစ့်အီယန်ရဲ့ အလှတရားက  ပြိုင်စံရှားပင်...

" အီယန်!! အကျွန်ုပ်တို့ ရဲ့ ဘဝတွေ.. အသက်တွေက အသင့်ဆုံးဖြတ်ချက်နဲ့ အရှင့်မင်းမြတ်ရဲ့ လက်ထဲမှာဘဲ ရှိတယ်.. ဒါကို သင်က ငြင်းဆန်ပြီး လူအများရဲ့ ဘဝကို ဖျက်စီးမလို့လား အီယန်! "

ထိုစကားလုံးတွေကြောင့် မျက်ရည်စတွေ ခို‌တွဲလာတဲ့ မျက်ဝန်းနက်ပြာပြာ တွေက ဝေခွဲရခက်နေပုံ..

" အီယန်! သင် ကြည့်စမ်း..! သင်မြင်လား.. ကလေး တွေ ပျော်ရွင်‌နေတာ.. မိန်းမတွေ ကခုန်နေတာ.. ယောကျာ်းသားတွေ တီးမှုတ်နေတာ.. ဒီနေရာက ဘယ်လောက်တောင် သုခ အပြည့်လဲ!..သင်မြင်တယ် မလား.. အကယ်၍ ! သင်သာ ငြင်းဆန်ရင် ဒီနေရာက သုသာန် တစပြင်လို ဖြစ်သွားမယ်ဆိုတာ သိလေသလား.."

Rose & Thorn Where stories live. Discover now