# Unicode #
" ကျွန်ုပ် အမြန်ဆုံး ပြန်လာမှာပါ အရှင်.. စိတ်ချပါ.. "
မနက်အာရုဏ်တက်ချိန်မို့ အီယန်လေး ထွက်ခွာဖို့ပြင်တော့ မျက်နှာမကောင်း ဖြစ်နေသည့် အရှင်ကြောင့် အီယန် စိတ်မကောင်း ဖြစ်မိသွားသည်။
သံယောစဉ်တွေ ရစ်တွယ်နှောင်ပတ်သည့် ကာလ တစ်လျှောက်လုံး အရှင်က အီယန့်အနားကနေ မခွာရက်သူမို့ အခုလို ရက်ရှည် ဝေးကွာ မဲ့ အဖြစ်ကို မခံစားနိုင်တာ အီယန် နားလည်၏။အီယန် ကိုယ်တိုင်လည်း အခုလို အဖြစ်ကို မခံစား နိုင်ပေ။
" ကိုယ်တော် မျှော်နေမယ်ဂျွန်.. "
ကင်မ်ဖီးဘတ်စ်ရဲ့ စကားအဆုံး ခေါင်းငြိမ့်ပြတဲ့ အီယန်...
" စစ်သေနာပတိ! ဂျွန့်ကို အသက်နဲ့ရင်းပြီး ကာကွယ်ပါ.. မဟုတ်ရင် အသင့်ရဲ့ ဆွေစဉ်ခုနစ်ဆက် ကို သုတ်သင်ဖို့ ကိုယ်တော်ဝန်မလေးဘူး !! "
" အမိန့်တိုင်းပါ အရှင် ! "
မြေပြင်ကို ဒူးထောက်ပြီး အမိန်နာခံတဲ့ စစ်သေနာပတိကြောင့် ဖီးဘတ်စ် ဆက်မပြောတော့ဘဲ နှင်းဆီငယ်ကိုသာ ကြည့်နေမိ၏။
" ဖြစ်နိုင်ရင် မင်းကို ကာကွယ်ဖို့ ကိုယ်တော် ကိုယ်တိုင် လိုက်ပါချင်တာ.. မင်းကို ကိုယ်တော် စိတ်မချဘူး နှင်းဆီငယ်.. "
" စိတ်ချပါ အရှင်.. မကြာခင် ကျွန်ုပ်ပြန်လာမှာပါ.. အရှင်သာ တိုင်းပြည်ရေးရာကို အကောင်းဆုံး ဆောင်ရွက်ပါ.. "
ဖီးဘတ်စ် မနေနိုင်တော့သည့်အဆုံး ဂျွန့်ကို နင့်သည်းစွာ ဖက်ထားမိလိုက်သည်။
" ပြန်လာပါ့မယ် အရှင်.. "
ရင်ခွင်ထဲက ထွက်ကာ ပြောပြီးတာနဲ့ မြင်းရထားပေါ် တက်သွားတဲ့ ချစ်ရသူကိုကြည့်ပြီး ဖီးဘတ်စ် မျက်ရည်ဝဲ မိသလို နှလုံးသားက စူးခနဲ နာကျင်လာ၏။
** ကိုယ်တော် မျှော်နေမယ် ဂျွန် ! **
🌹
🌹
ချစ်ရတဲ့ နှင်းဆီငယ်လေး ခရီးထွက်ခွာတာ တစ်ရက်ပြည့်ပြီ.. အခုဆို လမ်းခရီး တစ်ဝက်ပင်ရောက်လို့နေလောက်မည်။
YOU ARE READING
Rose & Thorn
Short Storyလှပတဲ့ နှင်းဆီပန်းတွေက သူ့တို့ရဲ့ အလှကြောင့် လူတွေရဲ့ ခြွေယူခြင်းကို ခုခံနိုင်မှုမရှိဘဲ အလွယ်တကူ ခံယူရတယ်.. အကယ်၍ နှင်းဆီပန်းလေးတွေမှာသာ ဆူးချွန်လေးတွေ ရှိခဲ့မယ်ဆိုရင်.. ကာကွယ်နိုင်မယ်ထင်တယ် ရိုစ့်.. ကိုယ်သာ.. ရိုစ် ဆိုတဲ့ နှင်းဆီလေးရဲ့ ဆူးချွန် ဖြစ...