နွေပန်းကလေး - ၁

21 2 0
                                    

မေတ္တာနဲ့နွေးစေချင်တယ် ကလေးရဲ့။
ချစ်စိတ်တစ်စစမှာ မက်မောခြင်းတွေ ကပ်​ငြိနေတာဟာ ကိုယ့်အသက်ရှူသံကို ကပြောင်းကပြန်ဖြစ်စေတယ်။

လက်ဖဝါးသေးသေးလေးကနေ အနွေးဓာတ်လေးပေးလို့ ခပ်ရဲရဲနားသယ်စပ်လေးကိုလည်း တဖွဖွနမ်းပစ်ချင်တာပဲ။

ချစ်စကားတွေကို အတည်မှတ်ပေးမလား ကလေးငယ်ရယ်။
ဝေးရတဲ့ဒုက္ခထက် မျက်ကွယ်ပြုနေတာက ရင်ကိုနာကျင်စေတဲ့ ဒဏ်ရာလှလှ။
ရစ်ပါ သီပါ ချည်ပါ။
ကိုယ့်ကို သံယောဇဉ်ကြိုးတွေနဲ့၊ မေတ္တာနွယ်တွေနဲ့
မင်းကမ္ဘာဆီက ရုန်းမထွက်နိုင်အောင် အထပ်ထပ်အခါခါ ပြုစားပေးပါ ကိုယ့်ကလေးငယ်။

- ချရား။

Feb 6, 2024

နွေပန်းကလေး။Where stories live. Discover now