အချစ်ကလေး... ဒါတွေကလေ...။
အဲ့ဒီနေ့ကလေဆိုပြီး အစပြုရမဲ့ကိုယ်ရဲ့တစ်ဖက်သတ်ဇာတ်လမ်းပေါ့။
အဲ့ဒီနေ့ကလေ ဒီလိုအခြေအနေတွေဖြစ်လာမယ်ဆို မင်းနဲ့ခင်ဖို့ကြိုးစားမိမှာ။
သူငယ်ချင်းဆိုတဲ့စည်းရှိနေခဲ့ရင် လွယ်လွယ်လက်လွှတ်နိုင်တဲ့ ကိုယ့်အကျင့် ကြောင့်ပေါ့။အဲ့ဒီနေ့ကလေ မင်းအပြုံးတွေကို ခိုးမကြည့်ခဲ့သင့်ဘူး။
မင်းမျက်တောင်တွေကို မငေးခဲ့သင့်ဘူး။
နောက်ပြီး မင်းနဲ့ မျက်ဝန်းချင်း မဆုံခဲ့သင့်ဘူး။မေတ္တာတွေ တားမနိုင်၊ ဆီးမရ ဖိတ်ကျခဲ့တဲ့ နေ့ပေါ့။
စကားတပြောပြောနဲ့ မင်းနှုတ်ခမ်းပါးကို ငေးရသလို၊ ပါးချိုင့်သေးသေးလေးကိုလည်း တမ်းတရတယ်။
ထိန်းချုပ်ဖို့ခက်တဲ့ ခံစားချက်တွေပါကွယ်။
အိပ်မက်တွေထဲ အရူးအမူးပါပဲ။လက်ဖျားထိပ်ချင်း ခေတ္တခဏထိမိတဲ့အခိုက်အတန့်ပါပဲ။
ကိုယ့်နှလုံးသားဟာ လှိုက်လို့ခုန်လို့၊ ကိုယ့်နှုတ်ခမ်းတွေဟာ ပြုံးလို့ပျော်လို့။
လွှမ်းမိုးမှုမှာ ပျော်ပျော်ရွှင်ရွှင် ပျော်ဝင်ပါတယ်။
ဒါက အချစ်ဆိုတာလား... မေတ္တာတရားလို့ပဲ ငြင်းဆန်ပါရစေ။
မင်းကို အေးချမ်းစေချင်တယ်။တစ်ခါတလေပေါ့။
မကြာ၊ မကြာ အတွေးထဲရောက်လာတတ်တဲ့ တစ်ခါတလေ။
ရေစက်တွေသာ ကုန်ခမ်းသွားရင်၊
နွေပန်းငယ်ငယ်သာ မေတ္တာတွေကို ငြင်းဆန်ခဲ့ရင်၊
တိမ်တွေ ပြိုမလား၊ ပန်းတွေ ငိုမလား။
သေရာပါဒဏ်ရာဟာ ကိုယ့်နှလုံးသားမှာ အမြစ်တွယ်သွားမလား။
မင်းနဲ့ပတ်သက်ရင် ဒဏ်ရာတွေကိုတောင် တယုတယပါပဲ ကလေးငယ်ရယ်။မဝေးတော့မဲ့အနာဂတ်မှာ ဒီခံစားချက်တွေကို မင်းကိုသိစေချင်တယ်။
မင်းဆံနွယ်လိပ်လိပ်လေးကိုလည်း တဖွဖွထိကိုင်ကြည့်ချင်တယ်။
လက်ဖဝါးချင်းတွဲယှက်ထားပြီး ကိုယ့်နာမည်ကို လေသံဝဲဝဲလေးနဲ့ ခေါ်တာရော၊
မျက်ဝန်းချင်း ခပ်ကြာကြာဆုံပြီး ခပ်လွင့်လွင့်လေး ပြုံးပြတာမျိုးရော၊
တွေးကြည့်ရုံနဲ့တင် နှလုံးသားဟာ ငြိမ့်ငြိမ့်ညောင်းညောင်းလှုပ်ရှားတယ်။
ဖြစ်မလာမဲ့ အကြောင်းတရားတွေပါကွယ်။
အကျိုးဆက်ကတော့ မတွေးရဲတုန်းပါပဲ။ကိုယ့်အတွက်အမှတ်တရတွေက မင်းရဲ့အတိတ်မှာ အမှတ်တမဲ့အဖြစ်တောင် ကျန်ခဲ့ပါ့မလား။
ဒီနွေဦးမှာ အစပျိုးခဲ့တဲ့ အချစ်ပန်းငယ်ငယ်က မင်းအပြုံးတွေနဲ့ ရှင်သန်တယ်။
မင်းမျက်ဝန်းငယ်တွေနဲ့ အသက်ဆက်တယ်။
မင်းပါးချိုင့်ငယ်ငယ်က ရှေ့ဆက်နိုင်ဖို့ အဓိကအကြောင်းအရင်းပေါ့။
အာရုံတွေကိုဖမ်းစားခဲ့တဲ့ ခြေဖမိုးကြည်တွေအောက် ကိုယ်ဟာ အခစားဝင်ပါ့မယ်။
ပန်းဖြူဖြူနဲ့လည်း စောင့်ကြိုနေမယ်။
မေတ္တာရပ်ဝန်းငယ်ဟာ မင်းအတွက်ဆို အေးချမ်းကြည်သာစေဖို့ပဲ ရည်ညွှန်းတယ်။ကိုယ်က မင်းကို မြတ်နိုးရတယ် နွေပန်းကလေးရဲ့။
- ချရား။
March 19, 2024
1:11 A.M.
YOU ARE READING
နွေပန်းကလေး။
Phi Hư Cấuမင်းရဲ့ မေတ္တာကလေးကို ငေးကြည့်ရတဲ့ အငေးရုံလေးလည်း ဖြစ်ခဲ့တာပါပဲ။ - နှောင်ကြိုး