ကိုယ့်ရဲ့ နွေးတဲ့ရပ်ဝန်းကလေး...။
မင်းကတော့ မသိမှာသေချာနေမှာပဲ။
ပန်းဖြူုဖြူလေးလိုလည်း မြတ်နိုးမိကြောင်း၊ ပါးချိုင့်ငယ်ငယ်ကိုလည်း မက်မောမိကြောင်း၊ လက်ဖဝါးကလေးကိုလည်း အတော်ကြာတဲ့ထိ တွဲထားချင်ကြောင်း၊
ဆံနွယ်ကောက်ကောက်လေးကိုလည်း ကိုယ့်အပိုင်အဖြစ်သတ်မှတ်ချင်ကြောင်း၊
ခပ်ပြန့်ပြန့် နောက်ကျောပြင်လေးကိုလည်း တင်းတင်းကလေး ပွေ့ဖက်ထားချင်ကြောင်း။
မမျှော်လင့်ရဲတဲ့ အနာဂတ်အစီအစဉ်ပါကွယ်။
မေတ္တာအနွေးဓာတ်ကလေးဟာ မင်းအတွက်ဆိုပြီး ရည်ရွယ်ထားဆဲပါပဲ။- ချရား။
March 30, 2024
2:12 A.M.
YOU ARE READING
နွေပန်းကလေး။
Non-Fictionမင်းရဲ့ မေတ္တာကလေးကို ငေးကြည့်ရတဲ့ အငေးရုံလေးလည်း ဖြစ်ခဲ့တာပါပဲ။ - နှောင်ကြိုး