ကလေးငယ်...။
အေးချမ်းကြည်သာတဲ့ ကောင်းကင်ပြာပြာကို မင်းမျက်ဝန်းလေးထဲများ မြှုပ်နှံထားသလား။
သံသရာနဲ့ သံယောဇဉ်၊ နောက်ပြီး သောကြာနံကလေးဖြစ်တဲ့မင်း။
ကိုယ်က အချစ်ငယ်ငယ်နဲ့ ရေစက်များပုံရတယ်။
ခပ်ဝဲဝဲလေယူလေသိမ်းနဲ့ အသံလေးကိုလည်း အိပ်မက်ထဲ ခေါ်သွင်းချင်တာပဲ။
ပါးချိုင့်လေးကို ခပ်ဆတ်ဆတ်နမ်းရှိုက်ပြီးတော့ မင်းရှက်သွားအောင် စနောက်ချင်သေးတာပဲ။
မေတ္တာတွေ ပေးအပ်ပြီး မေတ္တာတွေတောင်းခံအပ်ပါတယ်။
ကိုယ့်နှလုံးသားဆီ ပြိုဆင်းပေးနိုင်မလား နွေပန်းငယ်ငယ်။- ချရား။
Feb 20, 2024
23:22
YOU ARE READING
နွေပန်းကလေး။
Non-Fictionမင်းရဲ့ မေတ္တာကလေးကို ငေးကြည့်ရတဲ့ အငေးရုံလေးလည်း ဖြစ်ခဲ့တာပါပဲ။ - နှောင်ကြိုး